ဂေးရှားမယ်များသည် ဂျပန်နိုင်ငံ၏အလှအပကိုရေးဖွဲ့သီကုံးမှုတွင် ကျွမ်းကျင်သောဖျော်ဖြေရေးအတတ် ပညာရှင်များအဖြစ်ထင်ရှားကျော်ကြားကြပါသည်။ သူမတို့သည် ဂျပန်ရိုးရာယဉ်ကျေးမှုကိုသက်ဝင်လှုပ်ရှား
စေရန်ထိမ်းသိမ်းပေးနေကြသူများလည်းဖြစ်လေသည်။
တစ်နေရာနှင့်တစ်နေရာများစွာကွဲပြားကြပါသည်။ ကျိုတိုမြို့ရှိ ဂေးရှားမယ်များကိုမူ ဂေးကို (Geiko)ဟု
ခေါ်ဆိုကြပြီး နားလည်ရခက်သော၊ တင့်လှပေဟန် ဂေးရှားမယ်တို့၏ ယဉ်ကျေးမှုပုံစံကို ထပ်ဟပ်ဖော်ပြ
နေပါသည်။ ကျိုတိုမြို့တွင် ဂေးရှားမယ်များကိုလေ့ကျင့်သင်ကြားပေးသောအုပ်ချုပ်ရေးသင်တန်းကျောင်း
ရှိလေသည်။
ဂေးရှားမယ်များကို နားလည်ရခက်ခဲခြင်း၊ ပုံကြီးချဲ့ခြင်းနှင့် ပုံပြင်ဒဏ္ဏာရီဆန်ခြင်းစသဖြင့်တင်စားကြသည်။
ဂျပန်လူမျိုးများကိုယ်တိုင်ပင် ဂေးရှားမယ်များကို လျို့ဝှက်များဖြင့်ပြည့်နေသောနားမလည်နိုင်သူများဟုထင်
နေပါသည်။ ဂေးရှားမယ်များအချင်းချင်းသည်ပင်လျှင် တစ်ဦးကိုတစ်ဦးကို လျို့ဝှက်နက်နဲကြလေသည်။
ဂေးရှားမယ်တို့၏ ဘဝသည် မိမိတို့နေထိုင်ရာ ဂေးရှားအိမ်တော်ပေါ်မူတည်ပြီး များပြားစွာကွဲပြားကြပါသည်။
ဂေးရှားမယ်များ၏ နေ့စဉ်ဘဝဖြတ်သန်းမှုများတွင် အောက်ပါအချက်အလက်များပါဝင်ပါသည်။
၁။ မိတ်ကပ်လိမ်းခြင်း၊ ကီမိုနိုဝတ်ဆင်ခြင်း
ဂေးရှားတို့၏ ခက်ခဲနက်နဲသောဖက်ရှင်ဒီဇိုင်းလမ်းကြောင်းတွင် ရှုပ်ထွေးလှသောမိတ်ကပ်လိမ်းချယ်မှုများ၊ ဆံပင်ပုံစံများနှင့် ကီမိုနိုဝတ်ဆင်မှုများပါဝင်ပါသည်။ ထိုကိစ္စရပ်များသည် ဂေးရှားမယ်များအဖို့ နေ့စဉ်ဘဝ၏ မနက်ခင်းတိုင်းတွင်အချိန်ပေးပြီး လုပ်ဆောင်ရသောကိစ္စများဖြစ်လေသည်။
.......................................................................................................................................
၂။ ဂေးရှားအိမ်တော်နှင့် ဆက်ဆံမှုပြုခြင်းဂေးရှားမယ်များသည် မိမိတို့အလုပ်လုပ်ရာ ဂေးရှားအိမ်တော်များနှင့် စာချုပ်ချုပ်ဆိုထားကြပါသည်။
ဂေးရှားအိမ်တော်ကို ဂျပန်ဘာသာဖြင့် အိုခိယ (OKiya) ဟုခေါ်ဆိုကြသည်။
ထိုဂေးရှားအိမ်တော်ပိုင်ရှင်သခင်မကို ဂေးရှားမယ်များက အိမ်တော်မိခင်(Okasan)ဟုခေါ်ဆိုကြသည်။
ဂေးရှားမယ်တစ်ဦးသည် ဂေးရှားအိမ်တော်၏ရှပ်ထွေးလှသော လူမှုဆက်ဆံရေးနယ်ပယ်နှင့်ပတ်သက်
သော ဆက်ဆံရေးနှင့် အခြေအနေအရပ်ရပ်တို့ကို ထိမ်းသိမ်းပေးရလေသည်။
........................................................................................................................................
၃။ လူမှုရေးကွန်ရက်တွင်ပါဝင်ရခြင်း
အောင်မြင်ထူးချွန်သော ဂေးရှားမယ်တစ်ဦးသည် များပြားလှသောလူပုဂ္ဂိုလ်များကို သိရှိလေသည်။
များသောအားဖြင့် စီးပွားရေးသမားများ၊ နိုင်ငံရေးခေါင်းဆောင်များစသည်တို့နှင့် မိတ်ဆွေအပေါင်းအသင်း
ဖြစ်လေ့ရှိသည်။ ထိုအချက်သည် ဂေးရှားအိမ်တော်များကို လာရသည်မှာ များပြားလှသော အခကြေးငွေ
များကိုပေးရလင့်ကစား လာရောက်သူများက စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များကို အများနှင့်မတူ
ဆောင်ရွက်နိုင်သောကြောင့် ဖြစ်သည်။
.......................................................................................................................................
၎။ ရိုးရာကစားနည်းများတွင်ပါဝင်ကစားခြင်း
အထူးတည်းခိုဆောင်များသို့ ဖိတ်ကြားခံရလေ့ရှိပါသည်။ ထိုသို့သော တည်းခိုဆောင်များအထိလိုက်ပါ
ဖျော်ဖြေပေးမှုကို အမျိုးသမီးဧည့်သည်တော်များအတွက် စွဲဆောင်မှုအဖြစ်ရည်ရွယ်ထားသော်လည်း
အမျိုးသမီးသီးသန့်အတွက်သာဟု တင်းကြပ်ခြင်းမရှိပေ။ အထူးအဖြင့် နေ့လည်ပိုင်းများတွင် ကျင်းပလေ့
ရှိပြီး၊ ဖျော်ဖြေရေးအစီအစဉ်များနှင့် ရိုးရာကစားနည်းများ ကစားခြင်းတို့ပါဝင်ပါသည်။
........................................................................................................................................
၅။ အစမ်းလေ့ကျင့်မှုပြုလုပ်ခြင်း
ပါဝင်တင်ဆက်ရလေ့ရှိပါသည်။ ထို့ကြောင့် လအတော်ကြာကြိုတင်ပြီး အစမ်းလေ့ကျင့်မှုများကို လေ့ကျင့်ရန်
အထူးလိုအပ်ပါသည်။
........................................................................................................................................
၆။ ပွဲတော်များတွင်ပါဝင်ရခြင်း
ဂေးရှားမယ်များသည် ကျိုတိုမြို့၏ ယဉ်ကျေးမှုဆိုင်ရာဘဝများကို ကောင်းစွာချိတ်ဆက်ထားပါသည်။
သူမတို့သည် မြို့တော်တွင်ကျင်းပသော ပွဲတော်ကြီးများတွင်လည်း ပါဝင်ဆင်နွှဲကြပါသည်။
ဂေးရှားတို့သည် ဖျော်ဖြေတင်ဆက်ခြင်းမပြုလုပ်ပါကလည်း ဝိုင်းဝန်းကူညီသူများအဖြစ်ပါဝင်ဆင်နွှဲကြသည်။
......................................................................................................................................
၇။ လ္ဘက်ရည်ပွဲတော်တည်ခင်းရခြင်း
လ္ဘက်ရည်ပွဲတော်သည် ဂျပန်နိုင်ငံတွင် အရေးကြီးသော ရိုးရာလုပ်ဆောင်မှုတစ်ရပ်ဖြစ်လေသည်။
ထိုပွဲတော်သည် ပွဲတော်ပြင်ဆင်ခြင်း၊ တည်ခင်းဧည့်ခံခြင်းနှင့် လ္ဘက်ရည်ပွဲတော်ကိုတန်ဖိုးထားခြင်း
စသော ရိုးရာယဉ်ကျေးမှုအလှအပကိုလေ့လာခြင်းတစ်ခုဖြစ်လေသည်။ ဂေးရှားမယ်များသည်
လ္ဘက်ရည်တည်ခင်းသည် အနုပညာရပ်တွင် အထူးကျွမ်းကျင်သူများဖြစ်လေသည်။ ထိုအချက်သည်
ဂေးရှားမယ်တို့၏ ပဓါနလိုက်နာရမည့်စည်းကမ်းချက်များထဲမှာ တစ်ခုဖြစ်လေသည်။
......................................................................................................................................
၈။ ဓါတ်ပုံရိုက်သူများနှင့်ဆက်ဆံရခြင်း
ဂေးရှားမယ်တို့သည် ဓါတ်ပုံရိုက်ဝါသနာပါသူတို့အတွက် ဂျပန်နိုင်ငံ၏သင်္ကေတတစ်ခုဖြစ်လေသည်။
ထို့အပြင် ဂေးရှားမယ်များသည် ဂျပန်လူမျိုးတို့သာမက နိုင်ငံခြားသား ဓါတ်ပုံရိုက်ပရိတ်သတ်များအတွက်ပါ
ထင်ရှားသောအခြေအနေတစ်ရပ်ဖြစ်လေသည်။ ဂေးရှားမယ်တို့သည် ယေဘုယျအားဖြင့် အပြုအမူ၊ အနေအထိုင်ခက်ခဲလှသောအခြေအနေများတွင် မိမိတို့၏ အနုပညာစွမ်းရည်နှင့် ဂုဏ်ကျက်သရေထူးတို့ကို
ပြသကြရပါသည်။
......................................................................................................................................
၉။ လ္ဘက်ရည်ဆိုင်များတွင်ဖျော်ဖြေရခြင်း
ဂေးရှားမယ်တို့သည် လ္ဘက်ရည်တည်ခင်ဧည့်ခံသော လ္ဘက်ရည်ဆိုင်များတွင် ဖျော်ဖြေမှုများတင်ဆက်ကြရ
ပါသည်။ လ္ဘက်ရည်ဆိုင်ကို အိုးချယ (Ochaya) ဟုခေါ်ဆိုသော်လည်း၊ အမှန်တကယ်မှာမူ စားသောက်ဆိုင်
နှင့် အရက်ဆိုင်များဖြစ်လေသည်။ အိုးချယသည် ညနေပိုင်းတွင် အရက်သောက်ရန်အတွက် ဈေးကြီးသော
နေရာများဖြစ်လေသည်။
ဂေးရှားမယ်တို့သည် ထိုအိုးချယတွင် ဧည့်သည်တော်များကို အရက်ထည့်ပေးခြင်း၊ အဆို၊ အက၊
ကစားနည်းများနှင့် စကားစမြည်ပြောဆိုခြင်းများဖြင့် ဖျော်ဖြေပေးမှုကိုပြုလုပ်ပေးကြပါသည်။
ရှေးယခင်ကတည်းကပင် ဂျပန်နိုင်ငံရှိကုမဏီများသည် မိမိတို့၏အရေးကြီးသောဖောက်သည်တော်ကြီးများ
အတွက် ဤကဲ့သို့သော ဈေးကြီးသောဖျော်ဖြေမှုမျိုးကိုတန်ဖိုးထား စီစဉ်ပေးလေ့ရှိပါသည်။
........................................................................................................................................
၁၀။ သီးသန့်ဖျော်ဖြေပွဲများပြုလုပ်ခြင်း
ဂေးရှားမယ်များကို တည်းခိုဆောင်များ၊ စားသောက်ဆိုင်များတွင် သီးသန့်ပါတီပွဲကျင်းပရန်အတွက်ငှားရမ်းမှု
များလည်းရှိပါသည်။ ထိုသို့သောသီးသန့်ပါတီပွဲများကို သီးသန့်စားသောက်ခန်းမများတွင် ပြုလုပ်ကျင်းပကြ
ပါသည်။
......................................................................................................................................
၁၁။ ဧည့်ခံပေးရခြင်း
ဂေးရှားမယ်တို့သည် ရာပေါင်းများစွာသော ဧည့်သည်တော်များပါဝင်သော ကြီးမားသည့်ဧည့်ခံမှုများတွင်
ပါဝင်ဆင်နွှဲရပါသည်။ နိုင်ငံခြားသားဧည့်သည်တော်အုပ်စုကြီးများအတွက် ဖျော်ဖြေမှုများလည်းရှိပါသည်။
......................................................................................................................................
၁၂။ ဓါတ်ပုံအတူရိုက်ခြင်း
ဂေးရှားမယ်တို့သည် ဓါတ်ပုံအတူရိုက်ခံရန်အတွက် ယဉ်ကျေးသောတောင်းဆိုမှုများကို အံ့အားသင့်မှု၊
ဂုဏ်ကျက်သရေပြည့်ဝမှုတို့နှင့်အတူ လက်ခံလေ့ရှိပါသည်။
.....................................................................................................................................
၁၃။ မိုက်ကို(Maiko) များကိုလေ့ကျင့်ပေးရခြင်း
ဂေးရှားအိမ်တော်အတွင်းတွင် ဂေးရှားမယ်များကို စစ်တပ်ပုံစံကဲ့သို့ အဆင့်အတန်းခွဲခြားထားပါသည်။
ဂေးရှားမယ်ဖြစ်ရန်လေ့ကျင့်နေသောအဆင့်ကို မိုက်ကို(Maiko) ဟုခေါ်ဆိုပါသည်။
ထိုမိုက်ကိုများကို ဝါရင့်ဂေးရှားမယ်များက လ္ဘက်ရည်တည်ခင်းခြင်းပညာမှသည် လူမှုဆက်ဆံရေး
နည်းလမ်းများအထိအစစအရာရာ လေ့ကျင့်သင်ကြားပေးကြပါသည်။
မိုက်ကိုတို့သည် တတ်မြောက်သင့်သည်များကိုသင်ကြားတတ်မြောက်အောင်မြင်ပါက မိမိတို့၏ ဆံပင်ပုံစံကို
ပြောင်းလဲထုံးဖွဲ့နိုင်လေသည်။ မိမိတို့၏ ဖိနပ်တွင်အလှဆင်သော အရောင်ကိုပါပြောင်းလဲကြပါသည်။
မိုက်ကိုတို့ကို သိသာစေသောအချက်မှာ သူမတို့ဝတ်ဆင်ထားသောဝတ်စုံ၏ ကော်လာအရောင်ဖြစ်ပါသည်။
မိုက်ကိုတို့မှာအနီရောင်ကဲ့သို့သောကော်လာကိုဝတ်ဆင်လေ့ရှိပြီး အဖြူရောင်နှင့်နီးစပ်သော အဆင်ဒီဇိုင်းကို
ပြောင်းလဲလိုက်ပါက ထိုမိုက်ကိုစံသည် ဂေးရှားတို့၏အဌာရသပညာများကို အောင်မြင်ပြီးသူအဖြစ် သိသာ
စေပါသည်။ အကယ်၍ ကော်လာအရောင်မှာ အဖြူရောင်စစ်စစ်သို့ပြောင်းလဲသွားပါက ထိုသူသည် ဂေးရှား
အဆင့်သို့ရောက်ရှိသွားသူဖြစ်လေသည်။
.........................................................................................................................................
၁၄။ ဂေးရှားမယ်တို့ တင်ဆက်မှု
ဂေးရှားတို့သည် အလုပ်ကြိုးစားကြသူများဖြစ်လေသည်။
သူမတို့သည် ဂျပန်အတိတ်ကာလများတွင် မှေးမှိန်လုနီးပါးဖြစ်နေသော အလှအပဆိုင်ရာ၊ ယဉ်ကျေးမှု
ဆိုင်ရာ၊ ဖျော်ဖြေမှုဆိုင်ရာ၊ ရိုးရာဆိုင်ရာတို့ကို အကောင်းဆုံးစိတ်ကူးများဖြင့် ရှာဖွေတင်ဆက်ကြပြီး၊
သူမတို့၏ တင်ဆက်မှုများဖြင့် အတိတ်မှသည် အနာဂါတ်ဆီသို့ ဂျပန်တို့၏သမိုင်းကို ထွန်းတောက်စေသူများ
ပင်ဖြစ်လေသည်။
ဂေးရှားမယ်တို့ဘဝသည် တင်းကြပ်လှပါသည်။ စည်းမျဉ်းများစွာကြားထဲတွင် နေထိုင်ရသူများဖြစ်ပါသည်။
ထို့အပြင်ရိုးရာယဉ်ကျေးမှုအတတ်ပညာများကို ဆရာတစ်ဆူသဖွယ် ကျွမ်းကျင်ပိုင်နိုင်ကြသူများဖြစ်ပါသည်။
ထို့ကြောင့်ဂျပန်တို့က ဂေးရှားမယ်တို့ကို တန်ဖိုးထားလေးစားကြပါသည်။ ဂေးရှားမယ်တို့ကျေးဇူးကြောင့်
အောင်မြင်သွားသောစီးပွားရေးလုပ်ငန်းများ၊ တိုးတက်သွားသောလူမှုဆက်ဆံရေးများစွာ ရှိခဲ့ပါသည်။
ထို့ကြောင့်ဂျပန်တို့က မိမိတို့၏ယဉ်ကျေးမှုအတတ်ပညာတစ်ရပ်ဖြစ်သော ဂေးရှားမယ်တို့၏နေ့စဉ်ဘဝကို
ယနေ့ထက်တိုင် တန်ဖိုးထားနေကြခြင်းဖြစ်ပါသည်။
သို့သော် ဂေးရှားမယ်တို့၏အကြောင်းကို သေချာစွာမသိသောသူတို့က သူမတို့ကို ပျော်တော်ဆက်မယ်များ
သို့မဟုတ် လိင်ဖျော်ဖြေရေးပြုလုပ်သူများဟု အထင်မှားစွာ မြင်တတ်ကြလေသည်။ ပျော်တော်ဆက်မယ်ဟု
ခေါ်ဆိုပါက လက်ခံနိုင်သော်လည်း သူမတို့သည် မိမိတို့ယဉ်ကျေးမှု အဆို၊ အက၊ အတီးပညာရပ်များကို
ပိုင်နိုင်ကြသောကြောင့် သာမာန်ပျော်တော်ဆက်များမဟုတ်ကြပါ။ ပရော်ဖက်ရှင်နယ်ကျသော ကျွမ်းကျင်
ဖျော်ဖြေရေးပညာရှင်ဖြစ်ကြပါသည်။ ထို့အတွက်ကြောင့် သူမတို့၏ ပညာရပ်များကို တန်ဖိုးထားသည့် အနေဖြင့် လိင်ဖျော်ဖြေရေးသမများဟု လုံးဝမထင်စေလိုပါ။ မတွေးစေလိုပါ။ နိုင်ငံတစ်နိုင်ငံ၏ လေးစားဖွယ်
ပညာရပ်များကို ပိုင်ဆိုင်ထားသူ၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိမ်းသိမ်းထားသူများအဖြစ် မြင်စေလိုပါ
သည်။
စာဖတ်သူများကို ကျေးဇူးတင်လျှက်.....
ရေးသားသူ - ဆက်ပိုင်
၂၀၁၄ နိုဝင်ဘာ
setpaing@gmail.com
0 comments:
Post a Comment
အချင်းချင်းအားပေး၍ လက်တွဲဆောင်ရွက်ပြီးအောင်မြင်မှုရအောင်ကြိုးစားကြပါစို့။
(ပိုမိုကောင်းမွန်အောင်ဆောင်ရွက်လိုပါသဖြင့် Comment ရေးသားပြီး ပူးပေါင်းကူညီပေးပါ။)
သင့်နှင့်တကွ အားလုံးအတွက် ကျွန်ုပ်ဘလော့ရေးနေခြင်းဖြစ်သည်။
သင့်ဆန္ဒကို Comment ရေးပြီးဖော်ပြနိုင်ပါသည်။
တိုက်ရိုက်ဆက်သွယ်လိုပါက Email ပို့ပေးပါ။ (setpaing@gmail.com)