သင်ဒီပိုစ်လေးကိုခဏလေးဖတ်လိုက်ပါက ဂေးရှားနှင့်မိုက်ကိုတို့ကို ခွဲခြားနိုင်ပါလိမ့်မည်။
အလွယ်ပြောရရင်တော့....
ဂေးရှားဆိုတာ ကျွမ်းကျင်အဆင့်၊ ပညာသည်အဆင့်တွေပါ။
မိုက်ကိုဆိုတာကတော့ ပညာသင်အဆင့်တွေလို့ပြောရပါမယ်။
အသေးစိပ်ကိုဆက်လက်ရှင်းပြပါမယ်။
ဂေးရှား(Geisha) ဆိုသည်မှာ ဂျပန်နိုင်ငံ၏ ဖျော်ဖြေရေးနှင့် တင်ဆက်ကပြရေးတွင် ပညာရှင်များဖြစ်သည်။
သူတို့သည် အမှန်တကယ်အားဖြင့် အထူးလက်ရွေးစင်အုပ်စုများဖြစ်ကြပြီး၊ အလှအပနှင့် အနုပညာဆိုင်ရာ
တို့တွင် အဓိကအားပြုနေသူများဖြစ်ကြပါသည်။
မိုက်ကို(Meiko) ဆိုသည်မှာ ဂေးရှားအဖြစ်သို့ရောက်ရှိလိုသောပညာသင်အဆင့်များဖြစ်လေသည်။
သူမတို့သည် အသက်အရွယ်အားဖြင့် ဆယ်ကျော်သက်အရွယ်များဖြစ်ကြပြီး၊ မိုက်ကိုတို့၏ လေ့ကျင့်ရေး
လမ်းစဉ်များတွင် ကြိုးစားသင်ယူနေကြရပြီး နောက်ဆုံးအရည်အချင်းစစ်စာမေးပွဲတွင်ထူးချွန်စွာအောင်မြင်
မှသာလျှင် အဆင့်အတန်းမြင့်တက်ကာ ဂေးရှားအဆင့်သို့ရောက်မည်ဖြစ်ပါသည်။ မိုက်ကိုတို့ကို ဂေးရှား
အဖြစ်ပြောင်းလဲသည့်ပွဲကို ဂျပန်ဘာသာဖြင့် Erikae (ကော်လာလဲလှယ်ခြင်း)ဟုခေါ်ဆိုပါသည်။
အဘယ်ကြောင့်ဆိုသော် မိုက်ကိုတို့သည် ငယ်ရွယ်သူများဖြစ်သောကြောင့် အရောင်ပါသောကော်လာကို
ဝတ်ဆင်လေ့ရှိကြပြီး ဂေးရှားတို့မှာမူ အဆင့်မြင့်ပညာရှင်အနေဖြင့် အဖြူရောင်ကော်လာကိုသာဝတ်ဆင်
ကြပါသည်။
မိုက်ကိုနှင့် ဂေးရှားတို့၏ ခွဲခြားနည်းများကို အချက်(၇)ချက်ဖြင့် ခွဲခြားဖော်ပြပါမည်။
၁။ဆံပင်ပုံစံ
မိုက်ကို = ဆံပင်အစစ်၊ ဆံသားအစပ်တွင် မိတ်ကပ်မရှိ။ဂေးရှား = ဆံပင်တုသုံး၊ ဆံသားအစပ်တွင် မိတ်ကပ်အပြည့်ရှိ။
မိုက်ကိုတို့သည် သဘာဝဆံပင်များကိုထားရှိကြသည့်အတွက် မိမိတို့ဆံပင်ပုံစံပြု ပြင်မှုများအတွက် အလုပ်များပါသည်။ ဆံပင်ပုံစံမပျက်စေရန် အစဉ်အမြဲဂရုပြု နေရပါသည်။အိပ်စက်ရာတွင်လည်း သာမာန်
ခေါင်အုံးကိုအသုံးမပြု ရဘဲ အထူးပြုလုပ်ထားသော တကမခုလခေါင်းအုံး(Takamakura) ဖြင့်သာအိပ်စက်
ရပါသည်။ မိုက်ကိုတို့၏ ဆံပင်ပုံစံ ၅ မျိုးခန့်ရှိပါသည်။ ထိုဆံပင်ပုံစံများမှာ ထိုမိုက်ကိုတို့၏ အဆင့်အတန်း ပင်ဖြစ်လေသည်။
မိုက်ကိုတို့သည် ဆံပင်နှင့် နှဖူးအကြားအရေပြားအနီးတွင်မိတ်ကပ်လိမ်းခြယ်ခြင်းမပြုသော နေရာငယ်လေး
ထားရှိပါသည်။ ဂေးရှားတို့ကမူ ဆံပင်တုဝတ်ဆင်သောကြောင့် ဆံပင်အရေပြားအနီးတွင် မိတ်ကပ်အပြည့်
လိမ်းထားသကဲ့သို့ မြင်ရပါမည်။
.....................................................................................................................................
၂။ ဆံထိုးတွင်တွဲလောင်းချအဆင်တန်ဆာ (Kanzashi)
ဂေးရှား = ဆံထိုးတွဲလောင်းကျများမှာ သေးငယ်ပြီး အဆင်တန်ဆာနည်းသည်။
မိုက်ကိုတို့သည် ရာသီအလိုက် အလှဆင်ထားသော ဆံထိုးအလှအရှည်များကိုဝတ်ဆင်ကြပါသည်။
ဂေးရှားတို့သည် ပိုမိုသေးငယ်ပြီး အလှအပနည်းသော ဆံထိုးများကိုသာဝတ်ဆင်လေ့ရှိပါသည်။
.....................................................................................................................................
၃။ အနီရောင်၊ ပန်းရောင် မိတ်ကပ်လိမ်းခြယ်မှု
မိုက်ကို = မိတ်ကပ်ပမာဏ ပိုမိုသိသာစွာလိမ်းချယ်သည်။
ဂေးရှား = မိုက်ကိုထက် မိတ်ကပ်ပမာဏ နည်းပါးသည်။
မိုက်ကိုနှင့် ဂေးရှားတို့သည် မိတ်ကပ်လိမ်းချယ်ရာတွင် တူညီလုနီးပါးဖြစ်ပါသည်။
သို့သော် မိုက်ကိုတို့သည် မြင်သာထင်သာရှိစေသော အနီရောင်မိတ်ကပ်ပမာဏကို မျက်လုံးအနီးတဝိုက်
တွင်လိမ်းချယ်လေ့ရှိပါသည်။ ပါးပြင်နှင့် မျက်လုံးတဝိုက်တွင်လည်း ပန်းရောင်မိတ်ကပ်ပမာဏကို လိမ်းချယ်
လေ့ရှိပါသည်။
......................................................................................................................................
၎။ ကီမိုနိုဝတ်စုံအဆင်ဒီဇိုင်းပုံစံ
မိုက်ကို = အရောင်စုံဒီဇိုင်း၊ လက်ရှည်သည်။
ဂေးရှား = ပြောင်ဆန်ဒီဇိုင်း၊ လက်တိုသည်။
မိုက်ကိုတို့သည် အရောင်အသွေးစုံလင်သော၊ ဒီဇိုင်းစုံကီမိုနိုများကို ဝတ်ဆင်ကြသည်။
လက်တွင်တွဲလောင်းကျနေသောအရှည်ပမာဏမှာ ခြေမျက်စေ့ အနီးအထိရှိလေသည်။
ဂေးရှားတို့သည် အပွင့်ဒီဇိုင်းနည်းပါးသော၊ ပြောင်ဆန်သော ကီမိုနိုကိုသာဝတ်ဆင်ကြပါသည်။
လက်တွင်တွဲလောင်းကျနေသောအရှည်ပမာဏမှာ တိုတောင်းသည်။
.....................................................................................................................................
၅။ ခါးစည်းအရွယ်ပမာဏ
မိုက်ကို = ခါးစည်းအရှည်
ဂေးရှား = ခါးစည်းအတို
မိုက်ကိုတို့သည်လူတစ်ရပ်အရှည်ခန့်ရှိ ကြီးမားထူထဲသောခါးစည်းကို စည်းနှောင်ကြပြီး
ခြေမျက်စေ့အနီးသို့ပင်ရောက်လေသည်။
ဂေးရှားတို့သည် တိုတောင်းပြီး ပါးလွှာသော ခါးစည်းကိုသာစည်းနှောင်ကြလေသည်။
.......................................................................................................................................
၆။ ကော်လာအရောင်အဆင်း
မိုက်ကို = အနီရောင်ပါသော အဆင်ဒီဇိုင်းကော်လာ
ဂေးရှား = အဖြူရောင် ကော်လာ
မိုက်ကိုတို့ဝတ်ဆင်သော ကီမိုနိုတွင် ကော်လာအရောင်မှာ အနီရောင်ပါသော အဆင်ဒီဇိုင်းဖြစ်သည်။
ဂေးရှားတို့ဝတ်ဆင်သော ကီမိုနိုတွင် အဖြူ ရောင်ကော်လာကိုသာ အသုံးပြုသည်။
......................................................................................................................................
၇။ ခြေနင်းအမျိုးအစား
မိုက်ကို = အရောင်မပါ၊ အနည်းငယ်မြင့်သော သစ်သားဖိနပ် (အိုကိုဘို)
ဂေးရှား = အရောင်ပါသော နိမ့်သည် သစ်သားခုံဖိနပ် (ဂဲတ)
မိုက်ကိုတို့သည် အိုကိုဘို(Okobo) ခေါ် အနည်းငယ်မြင့်မားပြီး ဆေးရောင်မပါရှိသောဖိနပ်ကိုစီးကြသည်။
ဂေးရှားတို့သည် ဂဲတ (Geta) ခေါ် နိမ့်သောခုံဖိနပ်ကိုဝတ်ဆင်ကြသည်။
......................................................................................................................................
ယခုလောက်ဆိုလျှင် သင်ကိုယ်တိုင် ဂေးရှားနှင့် မိုက်ကိုတို့ကို ခွဲခြားနိုင်ပြီဖြစ်ပါသည်။
အကြမ်းပြောရလျှင် မိုက်ကိုတို့သည် အသက်ငယ်သေးသောကြောင့် အဆင်တန်ဆာများကိုပိုမိုဝတ်ဆင်
ကြသည်။ ပိုမိုလှပအောင် ပြင်ဆင်ကြသည်။ ဆံပင်ကောင်းသေးသဖြင့် ဆံပင်တုကိုမသုံးကြပါ။ ပိုမိုပြီး
လုံခြုံအောင်ဝတ်ဆင်ကြသည်။ မိတ်ကပ်ပိုမိုလိမ်းခြယ်ကြသည်။ ဖိနပ်အမြင့်စီးကြသည်။ အဆင်ဒီဇိုင်း
ဆန်းပြားသောဝတ်စုံကိုဝတ်ဆင်ကြသည်။
ဤပိုစ်လေးကိုဖတ်ရှုပြီး သင့်အတွက် ဗဟုသုတတိုးပွားမည်ဆိုပါက အထူးဝမ်းမြောက်မိပါသည်။
စာဖတ်သူများအားလုံးကို ကျေးဇူးတင်ပါသည်။
ရေးသားသူ - ဆက်ပိုင်
၂၀၁၄ နိုဝင်ဘာ
setpaing@gmail.com
0 comments:
Post a Comment
အချင်းချင်းအားပေး၍ လက်တွဲဆောင်ရွက်ပြီးအောင်မြင်မှုရအောင်ကြိုးစားကြပါစို့။
(ပိုမိုကောင်းမွန်အောင်ဆောင်ရွက်လိုပါသဖြင့် Comment ရေးသားပြီး ပူးပေါင်းကူညီပေးပါ။)
သင့်နှင့်တကွ အားလုံးအတွက် ကျွန်ုပ်ဘလော့ရေးနေခြင်းဖြစ်သည်။
သင့်ဆန္ဒကို Comment ရေးပြီးဖော်ပြနိုင်ပါသည်။
တိုက်ရိုက်ဆက်သွယ်လိုပါက Email ပို့ပေးပါ။ (setpaing@gmail.com)