ဂျပန်အကင်စုံ (ယခိတိုလိ-Yakitori)


ယခိတိုလိ (Yakitori)ဆိုတာ....
Yaki = ကင်သည်
Tori = ကြက်သား
Yakitori = ကြက်သားကင်


Yakitori ဆိုသည်မှာ ကြက်ကင်ဟုပြောဆိုနိုင်သော်လည်း အခြားသောအသားများကိုကင်ထားပါကလည်း
အမည်နာမကိုမပြောင်းလဲတော့ဘဲ Yakitori ဟုပင်ခေါ်ဆိုကြပါသည်။ ထို့ကြောင့် Yakitori ကိုဘာသာပြန်
ရာတွင် ကြက်ကင်ဟုဘာသာပြန်မည့်အစား အကင်စုံဟုဘာသာပြန်ဆိုပါက ပိုမိုမှန်ကန်မည်ဟု ထင်မိပါ
သည်။ ဂျပန်တို့သည် Yakitori ကို ဘီယာသောက်ရင်း အမြည်းသဘောဖြင့်စားသောက်ကြပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင်လည်း မိတ်ဆွေများနှင့် ဘီယာသောက်ရင်း Yakitori ကိုအမြည်းစားသောက်နေ
သည်ကိုတွေ့မြင်နိုင်ပါသည်။ သင်ကော Yakitori စားသောက်ဖူးပါသလား။

မြန်မာနိုင်ငံတွင် အကင်စုံဆိုင်များကိုနေရာတိုင်းလိုလိုတွင် တွေ့မြင်နိုင်ပါသည်။ ထိုဆိုင်ငယ်များပေါ်ပေါက်
လာသဖြင့် လူငယ်တို့အတွက် ပျော်ရွှင်ဖွယ်ရာနေရာတစ်ခုကို ဖန်တီးပေးသကဲ့သို့ဖြစ်နေပါသည်။
နာမည်ကြီးသောနေရာတစ်ခုမှာ လသာမြို့နယ် (၁၉)လမ်းရှိ အကင်ဆိုင်တန်းများပင်ဖြစ်ပေသည်။
ယခုအခါ နိုင်ငံခြားသား ခရီးသွားများပင် ထို ၁၉ လမ်းသို့သွားရောက်လေ့လာစားသောက်မှုများပင် ပြုလုပ်
လာကြပါသည်။ ထိုအချက်မှာ Yakitori ၏စွဲဆောင်မှုတစ်ခုဟု ခေါ်ဆိုနိုင်ပါသည်။

အကင်ပြု လုပ်နည်း.....
မီးသွေးမီးဖို ပေါ်တွင် စတီးသံဇကာကိုတင်ပါ။
ထိုအပေါ်တွင် မိမိစားလိုသော အရာကိုကင်ပါ။
အကျက်ညီစေရန် အနည်းငယ်လှည့်ပေးပါ။
အောက်ခံသံဇကာမဲသွားပါက အသစ်လဲပေးပါ။
(အကယ်၍အသစ်မလဲဘဲ ဆက်ကင်သဖြင့် ထိုချိုးမဲမဲများကိုစားမိလျှင် ကင်ဆာဖြစ်ပွားနိုင်ပါသည်။)

အကင်စားသောက်နည်း......
အကင်စားသောက်ရာတွင် မိမိနှစ်သက်ရာရွေးချယ်နိုင်သည်။
အငံအရသာကိုနှစ်သက်ပါက...ဆားဖြင့်စားသောက်နိုင်ပါသည်။
အချို အရသာကိုနှစ်သက်ပါက...တလဲ (Tare) ဖြင့်စားသောက်နိုင်သည်။
Tare ဆိုသည်မှာ Teriyaki ဆော့စ်ကဲ့သို့သော အညိုရောင်ဆော့စ်ဖြစ်သည်။

အကင်များမှာကြားနည်း.....
တစ်ချောင်း - ippon (အစ်ပွန်)
နှစ်ချောင်း - nihon (နိဟွန်)
သုံးချောင်း - sanbon (စန်းဘွန်)
လေးချောင်း - yonhon (ယွန်းဟွန်)

ဘယ်နှစ်ချောင်းလဲ -  nanpon desuka (နန်းပွန်ဒက်စ်ကာ) 

အကင်များစွာရှိသည့်အနက် မြန်မာနိုင်ငံတွင်စားသုံးနေသောအကင်များမှာ ယိုးဒယားမှတင်သွင်းလာသော
အကင်ချောင်းများက အများဆုံးပင်ဖြစ်ပါသည်။ ဂျပန်နိုင်ငံတွင်ထိုကဲ့သို့သော ယိုးဒယားကင်များမရှိပါ။
ဂျပန်နိုင်ငံတွင် ရှိသောအကင်အချို့ကိုဖော်ပြလိုပါသည်။

၁။ Toriniku - တိုလိနိခု (ကြက်သားကင်)


၂။ Negima - နဲဂိမ (ကြက်သား၊ ကြက်သွန်မိတ်ကင်)


၃။ Shiitake - ရှီးတခဲ (ရှီးတခဲမှိုကင်)


၎။ Tebasaki - တဲဘစခိ (ကြက်တောင်ပံကင်)


၅။ Asupara bekon - အစုပါလ ဘေကွန် (ကညွတ်ဝက်ပေါင်ခြောက်ကင်)


၆။ Sunagimo - စုနဂိမို (ကြက်အမြစ်ကင်)


၇။ Reba - လဲဘ (ကြက်အသည်းကင်)


၈။ Nankotsu - နန်းခိုဆု (ကြက်အရိုးနုကင်)


၉။ Piman - ပိမန်း (ကြက်သားဒိန်ခဲ ငရုတ်ကောင်းကင်)


၁၀။ Enoki maki - အဲနိုခိ မခိ (အဲနိုခိမှို ဝက်သားပြားပတ်ကင်)


၁၁။ Ginnan - ဂင်းနန်း (ဂင်းနန်းစေ့ကင်)


၁၂။ Shiro - ရှိလော (ကြက်အူကင်)


၁၃။ Gyutan - ဂယုတန်း (နွားလျာကင်)


၁၄။ Butabara - ဘုတ ဘလ (ဝက်ဗိုက်သားကင်)


၁၅။ Tsukune - ဆုခုနဲ (ကြက်ကြောလုံးကင်)


၁၆။ Bonjiri - ဘွန်းဂျိလိ (ကြက်ဖင်ဆီဖူးကင်)


၁၇။ Atsuage - အဆုအဂဲ (တို့ဖူးအကြက်ကြော်ကင်) 



၁၈။ Chorizo - ချိုလိဇို (ဝက်အူချောင်းကင်)


၁၉။ Mentaiko - မင်းတိုင်းခို (ဝက်သားချ ဉ်၊ ကြက်သားချ ဉ်ကင်)


ပုံတွေကိုကြည့်ရင်း သွားရည်ယိုလာပြီလို့ထင်ပါတယ်။
အကင်မကြိုက်တဲ့သူဆိုတာ ခပ်ရှားရှားပါလို့ပြောနိုင်ပါတယ်။
မိန်းကလေးကော ယောင်္ကျားလေးပါ ကြိုက်ကြပါတယ်။
သို့သော်လည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အကင်တွေကိုစားဖို့တော့အရေးကြီးကြောင်းပြောလိုက်ပါရစေ။

(ဤဘလော့ကိုရေးသားရင်း ယခင်က ကျွန်ုပ်တို့ရဲ့အကင်ဆိုင်လေး KOKORO နှင့် မိတ်ဆွေသူငယ်ချင်း အပေါင်းတို့ကိုသတိရလွမ်းဆွတ်တမ်းတနေမိပါတော့သည်။)

စာဖတ်သူများအားလုံးကို ကျေးဇူးတင်လျှက်....

ရေးသားသူ - ဆက်ပိုင်
၂၀၁၄ နိုဝင်ဘာ
setpaing@gmail.com

1 comment:

အချင်းချင်းအားပေး၍ လက်တွဲဆောင်ရွက်ပြီးအောင်မြင်မှုရအောင်ကြိုးစားကြပါစို့။
(ပိုမိုကောင်းမွန်အောင်ဆောင်ရွက်လိုပါသဖြင့် Comment ရေးသားပြီး ပူးပေါင်းကူညီပေးပါ။)
သင့်နှင့်တကွ အားလုံးအတွက် ကျွန်ုပ်ဘလော့ရေးနေခြင်းဖြစ်သည်။
သင့်ဆန္ဒကို Comment ရေးပြီးဖော်ပြနိုင်ပါသည်။
တိုက်ရိုက်ဆက်သွယ်လိုပါက Email ပို့ပေးပါ။ (setpaing@gmail.com)

Related Posts Plugin for WordPress, Blogger...

 
back to top