ကြိယာဝိသေသန ဆိုသည်မှာ....

အားလုံးမင်္ဂလာပါ။

ကြိယာဝိသေသနကို ဂျပန်လို Fukushi 【副詞】လို့ခေါ်ပါတယ်။
ကြိယာကိုအထူးပြုသော ပုဒ်ကို ကြိယာဝိသေသနဟုခေါ်ပါသည်။ ဆိုတာ ငယ်ငယ်ကသင်ဖူးပါလိမ့်မယ်။
ဒါပေမယ့် ခက်တာက ဘယ်လိုအသုံးဝင်တာလဲ။ ဘယ်လိုစာလုံးမျိုးလဲဆိုတာပါဘဲ။
ကြိယာကို ဘယ်လိုအထူးပြုတာလဲစသည်ဖြင့် မေးခွန်းများမေးလိုက်ပါက ဖြေဆိုနိုင်သူနည်းပါလိမ့်မယ်။

(အဲဒါတွေ အခုကျောင်းကိုပြန်သွားပြီ.... အဲဒီနေ့က ကျောင်းမတက်ဘူး............စသည်ဖြင့် ပြောဆိုသူများလည်းရှိပါတယ်။)

ဥပမာဖြင့်ရှင်းပြပါမည်။

မမသည်လှပသည်။ (ရိုးရိုးဝါကျ)
မမသည် အင်မတန်လှပသည်။ (ကြိယာဝိသေသနအသုံးဝါကျ)

အထက်ပါစာကြောင်းကို ရှင်းပြခွင့်ပြုပါ။
မမ = ပြုလုပ်သူ (Subject)
လှပသည် = ကြိယာ (Verb)
အင်မတန် = ကြိယာဝိသေသန (Adverb)
အင်မတန် ဆိုသောစကားလုံးသည် လှပသည်ဆိုသောကြိယာကို ထူးခြားသွားစေပါသည်။

မည်သို့ထူးခြားသွားပါသလဲ?
"လှပသည်" ဆိုသောစကားလုံးနှင့် " အင်မတန်လှပသည် "ဆိုသောစကားလုံးနှစ်လုံးတွင် သင်သည်မည်သည့်စကားလုံးကိုပိုမိုနှစ်သက်မိပါသလဲ။

သင်သည် ရည်းစားထားမည်ဆိုပါစို့......
လှပသည် ဆိုသောမိန်းကလေးနှင့်အင်မတန်လှပသည်ဆိုသောမိန်းကလေးတို့တွင်
မည်သူ့ကို သင်ရွေးချယ်လိုပါသနည်း။ (မှန်ကန်စွာဖြေပေးပါ...)
အင်မတန်လှပသည်ဆိုသောမိန်းကလေးကိုလိုချင်သည်မဟုတ်ပါလော။
ထိုအချက်မှာ "အင်မတန်" ဆိုသောကြိယာဝိသေသနစကားလုံး၏ ထူးခြားချက်ပင်ဖြစ်လေသည်။

ထပ်မံရှင်းပြပါမည်။
သင်သည် မိမိကုမဏီအတွက် အလုပ်သမားရှာဖွေနေသည်ဆိုပါစို့........
မောင်မောင်သည် အလုပ်လုပ်သည်။
ထွန်းထွန်းသည် ကြိုးကြိုးစားစား အလုပ်လုပ်သည်။
သင်မည်သူကို အလုပ်ခန့်ပါမည်နည်း။
ကြိုးကြိုးစားစား ဟူသောစကားလုံးလေးကြောင့် သင်သည် ထွန်းထွန်းကိုရွေးချယ်မည်ဟုထင်ပါသည်။

ထို့ကြောင့် ကြိယာဝိသေသနများသည် လက်ရှိအခြေအနေကိုပိုမိုထူးခြားသွားစေပါသည်။
သင်၏ဂျပန်စကားများကို ထူးခြားလေးနက်စေပါသည်။ တစ်ဖက်သားကို အံ့အားသင့်စေပါသည်။
တိုက်တွန်းလိုသည်မှာ ကြိယာဝိသေသနများကို လေ့လာကျက်မှတ်ခြင်းဖြင့် သင်သည်ဂျပန်တို့၏
အာရုံစိုက်ခြင်းကို အထူးခံရမည့်အပြင်၊ သင့်ကိုအထင်ကြီးသော မျက်လုံးများကို ရင်ဆိုင်ရမည်မှာ
ဧကန်ဖြစ်ပေသည်။

မှတ်ချက်။ ။ ကြိယာဝိသေသန (၁၀၀) ဟုဆိုသော်လည်း စေတနာများစွာဖြင့် နောက်ဆက်တွဲကိုပါ
ထပ်မံဖော်ပြထားပါသဖြင့် (၁၀၀)ကျော်သွားမည်ဖြစ်သည်။



ဂျပန်စာတိုးတက်ရန်အတွက် ကြိယာဝိသေသနများကို လေ့လာကြပါစို့။

ကျေးဇူးတင်ပါသည်။
ဆက်ပိုင်



1 comment:

အချင်းချင်းအားပေး၍ လက်တွဲဆောင်ရွက်ပြီးအောင်မြင်မှုရအောင်ကြိုးစားကြပါစို့။
(ပိုမိုကောင်းမွန်အောင်ဆောင်ရွက်လိုပါသဖြင့် Comment ရေးသားပြီး ပူးပေါင်းကူညီပေးပါ။)
သင့်နှင့်တကွ အားလုံးအတွက် ကျွန်ုပ်ဘလော့ရေးနေခြင်းဖြစ်သည်။
သင့်ဆန္ဒကို Comment ရေးပြီးဖော်ပြနိုင်ပါသည်။
တိုက်ရိုက်ဆက်သွယ်လိုပါက Email ပို့ပေးပါ။ (setpaing@gmail.com)

Related Posts Plugin for WordPress, Blogger...

 
back to top