Miso shiru ဆိုသည်မှာ.....
Miso = ပဲပိစပ်
shiru = ဟင်းချို
Miso shiru = ပဲပိစပ် ဟင်းချို
မိဆိုဟင်းချို သည်ဂျပန်ရိုးရာဟင်းချို တစ်မျိုးဖြစ်ပါသည်။ ပဲပိစပ်ကိုအချည်ဖေါက်ထားပြီး ရရှိလာသောပဲပိစပ်
အနှစ်နှင့် Dashi ခေါ်ဂျပန်ဟင်းခတ်မှုန့်တို့ကိုရောနှောပြုလုပ်ထားသော ဟင်းချို ဖြစ်လေသည်။ အခြားသော
ပါဝင်သည့်ပစ္စည်းများမှာ ဒေသနှင့် ရာသီဥတုတို့အပေါ်မူတည်၍ အမျိုးမျိုးထည့်သွင်းချက်ပြုတ်လေ့ရှိသည်။
ဂျပန်ထုံးစံအရ မိဆိုဟင်းချိုတွင် Negi ခေါ် ကြက်သွန်မြိတ်နှင့် Tofu ခေါ်တိုဖူးတို့ကိုလည်း သင့်တော်သော
အရွယ်အစားလေးများပြုလုပ်၍ ထည့်သွင်းစားသောက်ကြလေသည်။ Wakame ခေါ် ပင်လယ်ရေညှိတစ်မျိုး
ကိုလည်း ထည့်သွင်းလေ့ရှိသည်။ အခြားသောထည့်သွင်းပစ္စည်းများမှာ မှို၊ အာလူး၊ ရေညှိ၊ ကြက်သွန်နီ၊
ပုဇွန်၊ ငါး၊ ဂဏန်း၊ ဂုံး၊ ထောင်းထားသော မုန်လာဥဖြူ စသဖြင့်ထည့်သွင်းလေ့ရှိသည်။ သို့သော်မိဆိုဟင်းချို
တွင် များပြားသောထည့်သွင်းပစ္စည်းများကိုထည့်သွင်းလေ့မရှိပါ။
ဥပမာ။ ပုဇွန်ထည့်ပြီးပါက ဂဏန်းကိုထပ်ထည့်လိမ့်မည်မဟုတ်ပါ။
ဂျပန်နိုင်ငံတွင် မိဆိုဟင်းချို နှင့် ထမင်းဖြူ တို့သည် ဂျပန်ရိုးရာ မနက်စာပုံစံဖြစ်လေသည်။
ကြက်ဥ၊ ငါးနှင့် Natto ခေါ် အချဉ်ဖောက်ထားသော ပဲပိစပ်ဟင်းလျာတို့နှင့်လည်း စားသောက်ကြပါသည်။
မိဆိုဟင်းချိုသည် ဂျပန်နိုင်ငံတွင် သာမာန်လူတန်းစားမှသည် မင်းမျိုးမင်းနွယ်တို့အထိ နှစ်သက်ကြခဲ့သည်မှာ
ရာစုနှစ်ပေါင်းများစွာရှိခဲ့လေသည်။ မိဆိုဟင်းချိုကိုစားသောက်ရာတွင် အဖုံးပါသောပန်းကန်လုံးအသေးနှင့်
ထည့်လေ့ရှိပြီး ပါးစပ်နှင့်တေ့ကာသောက်လေ့ရှိသည်။ ဟင်းချို တွင်ပါဝင်သောအခြား ထည့်သွင်းပစ္စည်းများ
ကိုမူ ထမင်းစားသောတူဖြင့်စားသောက်လေ့ရှိသည်။
မီဆိုဟင်းချို ကိုသောက်ခြင်းဖြင့်ရရှိသောအကျိုးမှာ
1. Contains all essential amino acids, making it a complete protein.
2. Stimulates the secretion of digestive fluids in the stomach.
3. Restores beneficial probiotics to the intestines.
4. Aids in the digestion and assimilation of other foods in the intestines.
5. Is a good vegetable-quality source of B vitamins (especially B12).
6. Strengthens the quality of blood and lymph fluid.
7. Reduces risk for breast, prostate, lung and colon cancers.
8. Protects against radiation due to dipilocolonic acid, an alkaloid that chelates heavy
metals and discharges them from the body.
9. Strengthens the immune system and helps to lower LDL cholesterol.
10. High in antioxidants that protects against free radicals.
ဆက်လက်ဖတ်ရှုလိုပါက မီဆိုဟင်းချို တွင်ဆက်လက်ဖတ်ရှုပါ။
ရေးသားသူ - ဆက်ပိုင်
0 comments:
Post a Comment
အချင်းချင်းအားပေး၍ လက်တွဲဆောင်ရွက်ပြီးအောင်မြင်မှုရအောင်ကြိုးစားကြပါစို့။
(ပိုမိုကောင်းမွန်အောင်ဆောင်ရွက်လိုပါသဖြင့် Comment ရေးသားပြီး ပူးပေါင်းကူညီပေးပါ။)
သင့်နှင့်တကွ အားလုံးအတွက် ကျွန်ုပ်ဘလော့ရေးနေခြင်းဖြစ်သည်။
သင့်ဆန္ဒကို Comment ရေးပြီးဖော်ပြနိုင်ပါသည်။
တိုက်ရိုက်ဆက်သွယ်လိုပါက Email ပို့ပေးပါ။ (setpaing@gmail.com)