ဝါဆာ့ဘိသည် Brassicaceae မျိုးနွယ်ဝင်ဖြစ်ပြီး၊ ထိုမျိုးနွယ်ထဲတွင် ဂေါ်ဖီထုပ်၊ ဒန့်သလွန်၊ မုန်ညင်းစသည်
တို့ပါဝင်ပါသည်။ ဒန့်သလွန်ပင်နှင့် ဝါဆာ့ဘိသည် အပင်ခြင်းကွဲပြားသော်လည်း မျိုးနွယ်တူသောကြောင့် ဝါဆာ့ဘိကို ဂျပန်ဒန့်သလွန်ဟုလည်းခေါ်ဆိုလေ့ရှိသည်။ ပင်စည်ကို ဟင်းခတ်အဖြစ်အသုံးပြုပြီး အနံ့နှင့်
အရသာမှာအထူးပြင်းထန်လေသည်။ ဝါဆာ့ဘိကိုစားပါက ငရုတ်သီးကဲ့သို့လျာတွင်စပ်ခြင်းမျိုး မဟုတ်ပါဘဲ
အသက်ရှုလမ်းကြောင်းတစ်လျောက်တွင် မွန်ထူသောအနံ့ကိုဖြစ်စေပါသည်။
ဝါဆာ့ဘိအပင်သည် ရေစီးဆင်းနေသောမြစ်ချောင်းတစ်လျောက်တွင်ပေါက်လေ့ရှိပါသည်။
ဝါဆာ့ဘိသည် အပင်၏ပင်စည်အပိုင်းဖြစ်သောကြောင့်များသောအားဖြင့် အစိုင်အခဲအတိုင်းရှိပါသည်။
ထိုပင်စည်ကို မှုန့်နေအောင်ကြိတ်ချေခြင်းဖြင့်လည်းကောင်း၊ မုန့်နှစ်ကဲ့သို့ခပ်ပြစ်ပြစ်ပြုလုပ်ကာ
သွားတိုက်ဆေးကဲ့သို့ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ အမှုန့်ပြုလုပ်ခြင်းဖြင့်လည်းကောင်း ရောင်းချလေ့ရှိပါ
သည်။
ဂျပန်နိုင်ငံတွင် ဝါဆာ့ဘိကို မြောက်များစွာစိုက်ပျိုးသောရန်သင့်တော်သောနေရာအနည်းငယ်သာရှိပါသည်။
ဝါဆာ့ဘိစိုက်ပျိုးခြင်းသည် သာမာန်အခြေအနေတွင်ခက်ခဲမှုရှိပါသည်။ ဂျပန်နိုင်ငံတွင် ဝါဆာ့ဘိကို အဓိက
စိုက်ပျိုးနေသောနေရာများမှာ...
- Izu peninsula, in Shizuoka prefecture
- Nagano prefecture
- Iwate prefecture
ဝါဆာ့ဘိ ပင်စည် ၁၀၀ ဂရမ်တွင်ပါဝင်မှုများ
- Calories: 109 kCal
- Fat: 0.63 g
- Carbohydrates: 23 g
- Fibre: 7.8 g
- Protein: 4.8 g
လေ့ရှိသည်။
ဆက်လက်ဖတ်ရှုလိုပါက ဝါဆာ့ဘိ တွင်ဆက်လက်ဖတ်ရှုပါ။
ရေးသားသူ - ဆက်ပိုင်
0 comments:
Post a Comment
အချင်းချင်းအားပေး၍ လက်တွဲဆောင်ရွက်ပြီးအောင်မြင်မှုရအောင်ကြိုးစားကြပါစို့။
(ပိုမိုကောင်းမွန်အောင်ဆောင်ရွက်လိုပါသဖြင့် Comment ရေးသားပြီး ပူးပေါင်းကူညီပေးပါ။)
သင့်နှင့်တကွ အားလုံးအတွက် ကျွန်ုပ်ဘလော့ရေးနေခြင်းဖြစ်သည်။
သင့်ဆန္ဒကို Comment ရေးပြီးဖော်ပြနိုင်ပါသည်။
တိုက်ရိုက်ဆက်သွယ်လိုပါက Email ပို့ပေးပါ။ (setpaing@gmail.com)