ဂျပန်သစ်ထွင်းပန်းချီကားချပ်များ- အုခိယော်အဲ (Ukiyoe)


Ukiyoe ဆိုသည်မှာ.....

Uki = ပေါလောမျောပါခြင်း။
Yo = လူ့လောကကြီး
E = ပန်းချီ
Ukiyoe  = လောကလူဘောင်တွင်မျောပါနေသောပန်းချီကားများ

Ukiyoe များကို ဂျပန်နိုင်ငံတွင် အဲဒိုခေတ် (၁၆၀၃-၁၈၆၇) ဖြစ်သော ၁၇ ရာစုမှ ၁၉ ရာစုအတွင်းတိုးတက်
ထွန်းကားခဲ့ပါသည်။  ထင်ရှားသောအမျိုးအစားများမှာ ခဘုခိပြဇာတ်မှ ဇာတ်ကောင်ပုံစံများ၊ ဆူမိုနပန်း
သမားများ၊ သမိုင်းဆိုင်ရာများ၊ ပုံပြင်ဆိုင်ရာများ၊ ခရီးသွားရှုခင်းများ၊ သစ်ပင်ပန်းမာန်အလှများ၊ လိင်မှုဆိုင်ရာ
များစသည်တို့ဖြစ်ပါသည်။



အဲဒိုခေတ်တွင် ကုန်သည်လူတန်းစားတို့သည် နိုင်ငံတော်တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ စီးပွားရေး
ပိုမိုခိုင်မာတောင့်တင်းလာခဲ့ကြသည်။ ခဘုခိပြဇာတ်ရုံများ၊ ပြည့်တန်ဆာလုပ်ငန်းများ၊ ဂေးရှားမယ်များ၊
စသောဖျော်ဖြေရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်ခွင့်ပြုခဲ့လေသည်။ Ukiyo ဆိုသောစကားလုံး၏
အဓိပါယ်ဖြစ်သော ပေါလောမျောနေသောလူ့လောကကြီးဆိုသည်မှာ အဲဒိုခေတ်ကာလ၏ လူလောက
ပုံစံများကိုဖော်ပြလိုသောရည်ရွယ်ချက်ဖြစ်လေသည်။  ပုံနှိပ်ခြင်းဖြင့်လည်းကောင်း၊ ပန်းချီရေးဆွဲခြင်းဖြင့်
လည်းကောင်း Ukiyo-e များကိုရေးဆွဲပြုလုပ်လေ့ရှိကြပြီး ထိုUkiyoe ပန်းချီကားချပ်များကို ငွေကြေးတတ်
နိုင်ကြသော ကြေးရတက်လူချမ်းသာလူတန်းစားများက မိမိတို့ နေအိမ်ခန်းမများတွင် တန်ဆာဆင်မှုကို
ပြုလုပ်ကြလေသည်။

Ukiyoe ပြုလုပ်နည်း......

Ukiyoe ပြုလုပ်ရာတွင် အဆင့်(၄)ဆင့်ပြုလုပ်ရပါသည်။
၁- မိမိစိတ်တိုင်းကျ ပုံဒီဇိုင်းကို ပန်းချီရေးဆွဲရပါသည်။
၂- သစ်သားပြားပေါ်တွင် ပန်းပုထုသကဲ့သို့ထွင်းထုရပါသည်။
၃- ထွင်းထုပြီးသောသစ်သားပြားတွင် ဆေးရောင်မျိုးစုံခြယ်မှုန်းရပါသည်။
၎- ထို့နောက်စာရွက်ကို ဆေးရောင်စုံခြယ်ထားသောသစ်ထွင်းပန်းပုပေါ်တွင်ဖိနှိပ်ခြင်းဖြင့်သစ်ထွင်းပန်းချီ
ကားချပ်တစ်ချပ်ကိုရရှိပါသည်။


ထိုကြောင့် Ukiyoe ပန်းချီကားတစ်ချပ်ရရှိရန်အတွက် အဆင့်တိုင်းအဆင့်တိုင်းတွင်ကျွမ်းကျင်မှုရှိဖို့လိုအပ်
ပါသည်။ သို့သော် ပန်းချီကားတစ်ချပ်ပြုလုပ်ပြီးစီးသွားပါကလည်း ပုံစံတူပန်းချီကားများပြုလုပ်ရန်လွယ်ကူ
ပါသည်။ ဤသို့သောနည်းလမ်းဖြင့် Ukiyoe ပန်းချီကားချပ်များကို ဂျပန်လူထုများအကြားသို့ရောက်ရှိစေကာ
ထင်ရှားကျော်ကြားစေခဲ့ပါသည်။

မူလတွင် Ukiyoe ပန်းချီကားချပ်များကို ပုံနှိပ်ခြင်းကိုမပြုလုပ်သေးဘဲ၊ အမဲရောင်မီးသွေးခဲဖြင့်သာ ပန်းချီ
ရေးဆွဲကြပါသည်။ နောက်ပိုင်းတွင်ဆေးရောင်များရောစက်လာခဲ့ပြီး  ပန်းချီကားများမှာပိုမိုရှုပ်ထွေးမှုရှိလာ
ခဲ့လေသည်။ ပုံစံတူပန်းချီကားများစွာကိုအမြောက်အများထုတ်လုပ်နိုင်စေရန်အတွက် သစ်သားပန်းပုထွင်း
ထုပြီး ရေးဆွဲရသည့်နည်းလမ်းသည်တိုးတက်လာခဲ့လေသည်။ အစောပိုင်းတွင် အရောင်အနည်းငယ်ကို
သာထည့်သွင်းရေးဆွဲခဲ့သော်လည်း နည်းပညာတိုးတက်လာသည်နှင့်အမျှ Ukiyoe ပန်းချီကားများသည်
အရောင်အသွေးစုံလင်လာကာ ပိုမိုလှပကောင်းမွန်လာခဲ့ပါတော့သည်။

ဆက်လက်ဖတ်ရှုလိုပါက Ukiyoe တွင်ဆက်ဖတ်ပါ။

ရေးသားသူ -  ဆက်ပိုင်

0 comments:

Post a Comment

အချင်းချင်းအားပေး၍ လက်တွဲဆောင်ရွက်ပြီးအောင်မြင်မှုရအောင်ကြိုးစားကြပါစို့။
(ပိုမိုကောင်းမွန်အောင်ဆောင်ရွက်လိုပါသဖြင့် Comment ရေးသားပြီး ပူးပေါင်းကူညီပေးပါ။)
သင့်နှင့်တကွ အားလုံးအတွက် ကျွန်ုပ်ဘလော့ရေးနေခြင်းဖြစ်သည်။
သင့်ဆန္ဒကို Comment ရေးပြီးဖော်ပြနိုင်ပါသည်။
တိုက်ရိုက်ဆက်သွယ်လိုပါက Email ပို့ပေးပါ။ (setpaing@gmail.com)

Related Posts Plugin for WordPress, Blogger...

 
back to top