ဂျပန်ဓားများအကြောင်း (Japanese Swords)
ဆာမူရိုင်းတို့တိုင်းပြည် ဖြစ်သော ဂျပန်ပြည်သည် တစ်နည်းပြောရရင်လျှင် သူရဲကောင်းတို့သာ ရှင်သန်ရာ
ဖြစ်ပါသည်။ သူရဲကောင်းမှန်လျှင် ဓားကိုင်တတ်ရမည်၊ ဓားရေးကျွမ်းကျင်ရမည်ဖြစ်သည်။ ထို့ကြောင့်
သူရဲကောင်းနှင့်ဓားကောင်းတို့သည် ခွဲခြားမရသော မိတ်ဆွေဟုခေါ်ဆိုရမည်ဖြစ်သည်။ 
ဓားသည် ဂျပန်၏အမှတ်အသားတစ်ခု၊ အသက်ဝိဥာဏ်တို့၏ ဆုံစည်းရာ၊ အာဏာရှင်တို့၏ ကိုးကွယ်ရာ
တစ်ခုပင်ဖြစ်လေသည်။ ဂျပန်တို့သည် ဓားကိုအထူးချစ်မြတ်နိုးကြပြီးအထူးလေးစားကြသူများ လည်းဖြစ်
ကြလေသည်။ 
ထို့ကြောင့် ဂျပန်စာကိုလေ့လာနေသော ယခုစာဖတ်နေသူ သင်အတွက် ဗဟုသုတရစေရန်အလို့ငှာ 
ရေးသားလိုက်ရခြင်းဖြစ်ပါသည်။
ဂျပန်ဓားသမိုင်း
ဂျပန်နိုင်ငံတွင် ဓားထုတ်လုပ်မှုများကို ကာလအပိုင်းအခြားအရပြောဆိုရပါလျှင်…
  • Jokoto (ancient swords, until around 900 A.D.)
  • Koto (old swords from around 900–1596)
  • Shinto (new swords 1596–1780)
  • Shinshinto (new new swords 1781–1876)
  • Gendaito (modern swords 1876–1945)
  • Shinsakuto (newly made swords 1953–present)
ဂျပန်ဓားအမျိုးအစားများ
ဂျပန်ဓားများကိုအမျိုးအစားခွဲခြားရာတွင် ခေတ်ကာလအပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားကြပါသည်။
သို့သော် အဓိကကျသော ဓားအမျိုးအစားများကိုဖော်ပြပေးပါမည်။
  ၁။ တချိ  Tachi (太刀)
တချိဓားသည် ဂျပန်စစ်သူရဲကောင်းတို့အားထားကိုင်ဆောင်ရာ ခတနဓားထက် ပိုမိုစောစီးစွာပေါ်ပေါက် 
ခဲ့ပါသည်။ ခတနဓား(Katana)ထက်အနည်းငယ်ပိုရှည်ပြီး၊ ပိုကွေးပါသည်။ တချိဓားကိုကိုင်ဆောင်ရာတွင်
ဓားဦးကိုအောက်ဘက်သို့ချထားပြီး ကိုင်လေ့ရှိသည်။ မြင်းစီးလျက် မြေပြင်ရှိတပ်သားများကို တိုက်ခိုက် 
ချေမှုန်းရာတွင်လွန်စွာအသုံးဝင်ပါသည်။
  ၂။ ခတန  Katana ()
ခတနဓားသည် ဂျပန်ဆာမူရိုင်းစစ်သူရဲကောင်းတို့ အသုံးပြုသောဓားရှည်ဖြစ်ပါသည်။ အင်မတန်ထက်သည်။
ခုတ်ဖြတ်နိုင်စွမ်းအထူးကောင်းမွန်သည်ဟု ထင်ရှားကျော်ကြားပါသည်။ ခတနဓား၏ တမူထူးခြားသော
ဝိသေသနလက္ခဏာမှာ ကွေးညွတ်သည်၊ သေးသွယ်သည်၊ ဓားသွားတစ်ဘက်တည်းရှိပြီး၊ အဝိုင်းပုံစံ
သို့မဟုတ် လေးထောင့်ပုံဓားအိမ်တို့နှင့် လက်နှစ်ဘက်စလုံးကိုဆုတ်ကိုင်နိုင်သောဓားရိုးအရှည်တို့ပင်
ပင်ဖြစ်လေသည်။ သခင်ကို ဘုရားကဲ့သို့ကိုးကွယ်ခဲ့သော ဂျပန်ကံကြွေးချစနစ်ခေတ်ကာလတွင်
ဆာမူရိုင်းတို့နှင့်ပတ်သက်ဆက်နွယ်နေသော သမိုင်းဆိုင်ရာအချက်အလက်များနှင့်လည်း ပတ်သက်နေ 
ခဲ့ပါသည်။
ခတနဓား၏ မူလမှာ မြန်ဆန်သောတုံ့ပြန်မှုဖြင့် စစ်ပွဲအခြေအနေကိုပြောင်းလဲစေသောအချိန်ဖြစ်သည့်
မူရိုးမချိခေတ်ကာလ (၁၃၉၂-၁၅၇၃)ဖြစ်သည်။ ခတန၏ အားသာချက်မှာ ဓားအရိုးကိုထောင်ပြီး 
ကိုင်ဆောင်သောကြောင့် ရန်သူကိုတစ်ပြိုင်နက် တည်းဖြင့် ဆွဲထုတ်ခုတ်သတ်နိုင်လေသည်။
တချိဓားသည် ဓားရိုးကိုအောက်သို့စိုက်ပြီးကိုင်ဆောင်သောကြောင့် ခတနကဲ့သို့ ချက်ချင်းဆွဲထုတ်ပြီး
တိုက်ခိုက်မရနိုင်ချေ။
ခတနဓား၏အရှည်သည်လည်း သမိုင်းကြောင်းအရ အမျိုးမျိုးရှိခဲ့လေသည်။ 
၁၄ ရာစုနောက်ပိုင်း ၁၅ ရာစု အစောပိုင်းတွင်၊ ခတနဓားသည် ၇၀ မှ ၇၃ စင်တီမီတာ
(၂၈ လက်မခန့်)  ဖြစ်ပြီး၊ ၁၆ရာစုအစောပိုင်းကာလများတွင် ၆၀ စင်တီမီတာ (၂၃ လက်မခန့်)၊ 
၁၆ ရာစုနောက်ပိုင်းကာလများတွင် ၇၃ စင်တီမီတာ(၂၈ လက်မခန့်) ပြန်လည်ပြောင်းလဲသွားခဲ့ပြန်သည်။
  ၃။ ဝခိဇရှိ  Wakizashi (脇差)
ဝခိဇရှိသည် ဂျပန်ရိုးရာ ဓားတစ်မျိုးဖြစ်ပြီး အရှည် ၃၀ စင်တီမီတာမှာ ၆၀ စင်တီမီတာခန့်ရှိသဖြင့်
ပျမ်းမျှ ၅၀ စင်တီမီတာခန့်ဟု ပြောဆိုနိုင်ပါသည်။ ၂ ပေနီးပါးအရှည်ဖြစ်သည်။ သို့သော် ခတနထက် 
အနည်းငယ်တိုသည်။ ဆာမူရိုင်းတို့သည် ဝခိဇရှိကို ခတနနှင့် အတူတွဲဖက်ကိုင်ဆောင်လေ့ရှိပါသည်။
ခတနနှင့် ဝခိဇရှိကိုတွဲဖက်ကိုင်ဆောင်ထားပါက ဒိုင်းရှော(Daishou)ဟုခေါ်ပါသည်။ အဓိပါယ်မှ
အကြီးနှင့်အသေး ဟူ၍ဖြစ်ပါသည်။ 
ခတနသည် ဓားရှည်ဖြစ်ပြီး ဝခိဇရှိသည် တွဲဖက်ဓားဖြစ်လေသည်။ ဝခိဇရှိသည် စစ်မြေပြင်တွင်
ရန်သူကိုတိုက်ခိုက်ရာတွင် အကူလက်နက်အဖြစ်အသုံးပြုသလို တစ်ခါတစ်ရံတွင် မိမိပြုမိသော
အပြစ်တစ်စုံတစ်ရာအတွက် မိမိကိုယ်ကိုအပြစ်ပေးသည့်အနေဖြင့် ဂုဏ်အရည်အချင်းရှိရှိ မြင့်မြတ်စွာ
မိမိကိုယ်ကိုသတ်သေရာတွင်လည်း ဝခိဇရှိကိုအသုံးပြုလေသည်။ ထို့ကြောင့်ဝခိဇရှိကို မြင့်မြတ်သော
ဓားအဖြစ်လည်း ခေါ်ဆိုလေ့ရှိသည်။
ဆာမူရိုင်းတို့သည် မိမိတို့နေအိမ်အတွင်းသို့ဝင်ရောက်ပါက ခတနခေါ်ဓားရှည်ကို ချွတ်ထုတ်လိုက်ပါသည်။
ထို့နောက် ထိုဆာမူရိုင်း၏ တပည့်တစ်ဦးဦးက ခတနဓားရှည်ကို ဓားတင်သည့်ခုံပေါ်တွင် ရိုသေစွာ 
တင်ပေးရပါသည်။ သို့သော် ဝခိဇရှိဓား ကိုမူ ချွတ်ခြင်းမပြုလုပ်ဘဲ အမြဲတမ်းကိုင်ဆောင်ထားပါသည်။
ထို့အပြင် ဆာမူရိုင်းတို့သည် မနက်အိပ်ယာနိုးချိန်တွင် ဝခိဇရှိကို စတင်ဝတ်ဆင်ပြီး ညအိပ်ချိန်ကြပါသာ
ချွတ်လေ့ရှိပါသည်။ အိပ်ချိန်တွင်လည်း မိမိ၏ ဝခိဇရှိဓားကို မိမိအိပ်ယာခေါင်းအုံးအောက်တွင် ထားလေ့ 
ရှိပါသည်။ ခတနနှင့် တွဲဖက်ဝခိဇရှိတို့ကို အတူတွဲဖက်တိုက်ခိုက်ပါက ထိုဆာမူရိုင်းအတွက် အမြင့်မားဆုံး 
တိုက်ရည်ခိုက်ရည်ကို ပိုင်ဆိုင်စေပါသည်။
၎။ နိုဒချိ   Nodachi (野太刀)
နိုဒချိသည် လက်နှစ်ဘက်ကိုင်ပြီးတိုက်ခိုက်ရသော ဓားရှည်ဖြစ်သည်။
တချိဓားနှင့် သွင်ပြင်ရော ပုံစံပါတူညီပြီး ထူးခြားချက်မှာ သိသာစွာရှည်လျားနေသော အရှည်ပမာဏပင် 
ဖြစ်လေသည်။မြေပြင်တပ်သားတို့ကိုင်ဆွဲတိုက်ခိုက်ရသော ဓားဖြစ်လေသည်။ နိုဒချိကို ရှေ့တန်းရင်ဆိုင်
စစ်ပွဲများတွင်အထူး အသုံးပြုကြသည်။ မြင်းတပ်နှင့် တွေ့ဆုံတိုက်ပွဲဝင်ရာတွင် အထူးထိရောက်သော 
လက်နက်တစ်မျိုးဖြစ်လေသည်။ သို့သော် အရှည်ပမာဏရော အလေးချိန်ပါကြီးမားသောကြောင့်
စစ်သားတိုင်းအတွက်အခက်အခဲဖြစ်စေပါသည်။
၅။ ရှင်ဂွန်းတို  Shin-guntō (新軍刀)
ရှင်ဂွန်းတိုဆိုသည်မှာ ဂျပန်စစ်အရာရှိတို့၏ အဆောင်အယောင်တစ်ခုဖြစ်ပါသည်။ 
၁၉၃၄ ခုနှစ်မှ ဒုတိယကမ္ဘာစစ်ပြီးကာလများအထိ အသုံးပြုခဲ့သောဓားဖြစ်ပါသည်။
ဆာမူရိုင်းတို့ကိုင်ဆောင်ခဲ့သော ခတနနှင့် အနည်းငယ်ဆင်တူပါသည်။
ဂျပန်ဓားများထဲတွင် အရည်အသွေးနည်းပါးသော ဓားဟုပြောဆိုရပေမည်။
  ၆။ နင်းဂျာတိုး 
နင်ဂျာတို့ကိုင်လေ့ရှိသောဓားဖြစ်ပါသည်။ ခတနဓားနှင့်ဆင်တူသော်လည်း နင်းဂျားတိုမှာ ခတနကဲ့သို့ 
မကွေးဘဲ ဖြောင့်တန်းသော ဓားဖြစ်လေသည်။ နင်ဂျာတို့တွင် နင်းဂျားတိုအပြင် အခြားသော
လက်နက်ငယ်များလည်း များစွာရှိပါသေးသည်။
ဆက်လက်ပြီး ဗဟုသုတအလို့ငှာ ဂျပန်ဓားတိုအမျိုးအစားများကိုလည်း ဖော်ပြပေးလိုက်ပါသည်။
၇။ ဟမိဒရှိ
 ၉။ တန်းတို
ဂျပန်ဓားများကို စိတ်ဝင်စားသောသူများအတွက် စိတ်ကျေနပ်မည်ထင်ပါသည်။
အားလုံးကိုကျေးဇူးတင်ပါသည်။
ရေးသားသူ - ဆက်ပိုင်
အောက်တိုဘာ ၂၀၁၄
0 comments:
Post a Comment
အချင်းချင်းအားပေး၍ လက်တွဲဆောင်ရွက်ပြီးအောင်မြင်မှုရအောင်ကြိုးစားကြပါစို့။
(ပိုမိုကောင်းမွန်အောင်ဆောင်ရွက်လိုပါသဖြင့် Comment ရေးသားပြီး ပူးပေါင်းကူညီပေးပါ။)
သင့်နှင့်တကွ အားလုံးအတွက် ကျွန်ုပ်ဘလော့ရေးနေခြင်းဖြစ်သည်။
သင့်ဆန္ဒကို Comment ရေးပြီးဖော်ပြနိုင်ပါသည်။
တိုက်ရိုက်ဆက်သွယ်လိုပါက Email ပို့ပေးပါ။ (setpaing@gmail.com)
Related Posts Plugin for WordPress, Blogger...
back to top