ဂျပန်စာလေ့လာနေသောသင့်အတွက် မေးခွန်းလေးတွေမေးပါရစေ။
(သင်မသိသေးရင်
ဒီပို့စ်လေးကို သေသေချာချာဖတ်ပါ။)
၂။နာ့တိုးစားဖူးပါသလား။
(မစားဖူးသေးရင်
မြန်မာနိုင်ငံရှိ ဂျပန်စားသောက်ဆိုင်တစ်ဆိုင်ဆိုင်မှာ သွားစားကြည့်ပါ။ ဈေးမကြီးပါ။)
၃။နာ့တိုးကိုသင်ကြိုက်ပါသလား။
သာမာန်အားဖြင့်
မြန်မာလူမျိုးများကြိုက်မည်မထင်ပါ။ ကြိုက်သောသူများလည်းရှိနိုင်ပါသည်။
အဘယ့်ကြောင့်ဆိုသော်
နာ့တိုးသည် အနံ့အနည်းငယ်ပြင်းခြင်း၊ မွှေလိုက်သောအခါတွင် စီးကပ်ကပ်အမျှင်များထွက်လာပြီး
စားသောက်ရာတွင် ပါးစပ်ထဲတွင် အိစိစိဖြစ်နေသဖြင့် အသည်းယားဖွယ်ဖြစ်ပါသည်။ သို့သော် ထိုအနံ့မျိုးကိုကြိုက်သောသူများသည်
အလွန်နှစ်သက်စွာစားသောက်လေ့ရှိပါသည်။
၎။နာ့တိုးကို
ဘယ်လိုစားရလဲဆိုတာသိပါသလား။
(မသိသေးရင်အောက်တွင် ရှင်းပြပေးထားပါသည်။)
၅။
နာ့တိုးကို ဂျပန်တွေဘာကြောင့်စားကြပါသလဲ။
နာ့တိုးသည်ကျန်းမာရေးအတွက်
အထူးကောင်းမွန်ပါသည်။ နာ့တိုးစားခြင်းအားဖြင့် မိမိကိုယ်ခန္ဓာအတွက်လိုအပ်သော အာဟာရများကို
ရရှိစေပါသည်။
နာ့တိုး ဆိုသည်မှာ
နာ့တိုး ဆိုသည်မှာ ပဲပိစပ်ကိုအချဉ်ဖေါက်ထားသော ဂျပန်ရိုးရာအစားအစာတစ်ခုဖြစ်ပါသည်။
မနက်စာအဖြစ်စားသုံးလေ့ရှိပါသည်။ နာ့တိုး၏အရသာသည် ထူးခြားလှပြီး၊ စူးရှသောအနံ့၊
ပြင်းထန်သောအရသာတို့နှင့်
ပြည့်စုံပါသည်။ ဂျပန်နိုင်ငံ၏ အရှေ့ပိုင်းဒေသများဖြစ်သော
ကန်တိုဒေသ၊ တိုးဟိုခုဒေသနှင့်
ဟိုကိုင်းဒိုးဒေသများတွင် အကျော်ကြားဆုံးဖြစ်သည်။
နာ့တိုး ရာဇဝင်
နာ့တိုးနှင့်ပတ်သက်ပြီး
အစောပိုင်းကာလများတွင် ရာဇဝင်ဇာတ်ကြောင်းများအမျိုးမျိုးကွဲပြားနေပါသည်။
နာ့တိုးပြုလုပ်ရာတွင်ပါဝင်သောပစ္စည်းများမှာ
ရှေးယခင်ကတည်းကပင် ဂျပန်နိုင်ငံ၌သဘာဝအတိုင်း ရရှိနိုင်ခဲ့လေသည်။
အေဒီ ၁၀၈၆ မှ ၁၀၈၈ ကာလများအတွင်း ဂျပန်နိုင်ငံအရှေ့မြောက်ဘက်ဒေသများတွင်ဖြစ်ပွားခဲ့သော
စစ်ပွဲများတွင်ပါဝင်ခဲ့သူ
Minamoto no Yoshiie ပြောပြချက်များအရ နာ့တိုးရာဇဝင်ကိုပြောပြပါမည်။
စစ်ပွဲကာလ၏တစ်နေ့သောနေ့တွင်
သူတို့၏တပ်ဖွဲ့သည် မြင်းများစားရန်အတွက် ပဲပိစပ်များကို ပြုတ်နေစဉ်
ရန်သူတပ်များ၏တိုက်ခိုက်ခြင်းကိုခံခဲ့ရလေသည်။
သူတို့သည် ပြုတ်ထားသောပဲပိစပ်များကို ကောက်ရိုးများဖြင့်လျင်မြန်စွာထုပ်ပိုးလိုက်ပြီး ဆုတ်ခွာထွက်ပြေး
ရလေသည်။ ရက်အတော်ကြာသည်အထိ ထိုပဲပိစပ်ထုပ်များကိုဖွင့်မကြည့်ဖြစ်ဘဲ
နေမိလေသည်။
ထိုအချိန်တွင် ကောက်ရိုးဖြင့်ရစ်ပတ်ထုပ်ပိုးထားသော ပဲပိစပ်ထုပ်များသည် သူ့အလိုလို
အချဉ်ပေါက်
လာခဲ့လေသည်။ စစ်ပြေးရင်း စစ်သားများသည် စားစရာမရှိသဖြင့် ထိုပဲပိစပ်အချဉ်ပေါက်နေသော
အထုပ်များကိုစားသောက်ခဲ့ရလေသည်။
စစ်သားများသည် ထိုအရသာကိုအထူးနှစ်ခြိုက်သွားပြီး
Yoshiie ကိုလည်းအနည်းငယ်စားစေရာ
သူကိုယ်တိုင်လည်း ထိုအရသာကိုစွဲလမ်းသွားလေတော့သည်။
ဤသို့ဖြင့် နာ့တိုးဆိုသော ဂျပန်တွင်လူကြိုက်များသည့် စားသောက်ဖွယ်ရာတစ်ခုကို ဖြစ်ပေါ်လာ
သည်ဟု
ဇာတ်လမ်းရှိခဲ့ပါသည်။
တိုင်းရှောခေတ် (၁၉၁၂-၁၉၂၆)တွင် နာ့တိုးထုတ်လုပ်ခြင်းများသည် ထူးခြားစွာပြောင်းလဲတိုးတက် ခဲ့ပါသည်။သုတေသနပညာရှင်များသည် ကောက်ရိုးကိုအသုံးမပြုဘဲ နာ့တိုးပြုလုပ်ခြင်းနည်းလမ်းကို
ရှာဖွေတွေ့ရှိခဲ့လေသည်။ ဤသို့ဖြင့်
နာတိုးထုတ်လုပ်ခြင်းနည်းလမ်းမှာ လွယ်ကူမြန်ဆန်ခဲ့ပါတော့သည်။
နာ့တိုးအသွင်အပြင်
နာ့တိုးသည် ထူးခြားသောရနံ့ရှိပါသည်။ စူးရှသောဒိန်ခဲအနံ့မျိုးနှင့်တူပါသည်။
နာ့တိုးကိုသမအောင်မွှေလိုက်ပါက များပြားလှသော စေးကပ်သည့်အမျှင်များထွက်ပေါ်လာပါသည်။နာ့တိုးသည် ဂျပန်တို့၏အစားအစာများထဲတွင် များစွာပါဝင်အသုံးပြုကြပါသည်။
နာ့တိုးဆူရှီ၊ နာ့တိုးပေါင်မုန့်ကင်၊ မီဆိုဟင်းချိုထဲတွင်လည်းထည့်သွင်းစားသောက်ခြင်း၊
ကြက်ဥကြော်တွင်ထည့်သွင်းခြင်း၊ အရွက်သုပ်များတွင်ထည့်သွင်းခြင်း၊ အိုခိုနိုမိယခိခေါ်
ဂျပန်ပီဇာထဲတွင်ထည့်သွင်းခြင်း၊ စပါကတီထဲတွင်ထည့်သွင်းခြင်းစသည်ဖြင့် အမျိုးမျိုးစားသောက်
ကြပါသည်။ တစ်ခါတစ်ရံ ပဲပိစပ်သည် အလုံးလိုက်အချဉ်ပေါက်နေခြင်းမဟုတ်ဘဲ ကွဲကျေနေပြီး
အချဉ်ပေါက်နေပါတတ်ပါသည်။ ထိုအခါမျိုးတွင် ဟိခိဝရိ နာ့တိုး (hikiwari nattou)ဟုခေါ်ဆိုပါသည်။
ဂျပန်လူမျိုးမဟုတ်သော သူများအတွက်မူ နာ့တိုး၏အရသာနှင့် အနံ့ကိုမနှစ်သက်ကျသော်လည်း အချို့မှာ
နာ့တိုး၏ပျော့ပျောင်းနူးညံ့မှုကို ခံတွင်းတွေ့နှစ်သက်ကျပါသည်။ နာ့တိုးသည် ဂျပန်နိုင်ငံတွင်သာအထူး
နာမည်ကြီးသော အစားအစာ ဖြစ်ပါသည်။
နာ့တိုးသည် ကန်တိုဒေသအရှေ့ပိုင်းတွင်နာမည်ကြီးပြီး ခန်ဆိုင်ဒေသတွင် အနည်းသာလူကြိုက်များ
ပါသည်။ ၂၀၀၉ ခုနှစ်စစ်တမ်းအရ ဂျပန်နိုင်ငံတွင် ၇၀.၂%သည် နာ့တိုးကိုနှစ်သက်ကြပြီး ၂၉.၈%
သည် နှစ်သက်ခြင်းမရှိကြချေ။ သို့သော်မနှစ်သက်သော၂၉.၈%ထဲတွင် လူဦးရေတဝက်ခန့်မှာ မိမိတို့
ကျန်းမာရေးအရ နာ့တိုးကိုစားသောက်နေကြပါသည်။
နာ့တိုးပြုလုပ်ခြင်း
နာ့တိုးကို ပဲပိစပ်ဖြင့်ပြုလုပ်ပါသည်။ ပထမဦးစွာ ပဲပိစပ်စေ့များကိုရေဖြင့်ဆေးကြောပါမည်။
ထို့နောက် ၁၂ နာရီမှ နာရီ ၂၀ ခန့်ကြာသည်အထိ ရေထဲတွင်စိမ်ထားခြင်းဖြင့် ပဲစေ့များသည်ရေဝပြီး
ပွလာစေရန်ပြုလုပ်ပါသည်။
ပဲပိစပ်စေ့များကို ၆နာရီကြာပြုတ်ပါမည်။ အချိန်ကုန်သက်သာစေရန်အတွက် ပေါင်းအိုးကိုအသုံးပြုနိုင်
ပါသည်။ ပြုတ်ပြီးသောပဲပိစပ်စေ့များကို နာ့တိုးကင်း (nattou kin)ဟုခေါ်သော Bacillus subtilis natto ဘက်တီးရီးယားဖြင့်ရောရပါမည်။ ဤအဆင့်မှစတင်ပြီး အညစ်အကြေးနှင့် အခြားဘက်တီးရီးယားများ
ဝင်ရောက်ခြင်း မရှိစေရန်အထူးဂရုစိုက်ပေးရပါမည်။
ထိုပြုတ်ထားသောပဲပိစပ်များနှင့် အချဉ်ဖောက်ပေးရန်လိုအပ်သောဘက်တီးရီးယားများအရောအနှော
ကိုအပူချိန် ၄၀ဒီဂရီစင်တီဂရိတ်ခန့်ဖြင့် တစ်ရက်ကြာထားပြီးအချဉ်ဖောက်ပေးရပါမည်။ ထို့နောက်
အအေးခံခြင်းပြုလုပ်ပေးရပါမည်။ ရေခဲသေတ္တာထဲတွင် တစ်ပါတ်ခန့်အကြာ အအေးခံပြီးနောက်
အမျှင်ဓါတ်အပြည့်ဖြစ်နေသော နာ့တိုးကိုရရှိပေမည်။
မိမိအိမ်တွင် နာ့တိုးပြုလုပ်ပါက
နာ့တိုးပြုလုပ်မည့်ဘက်တီးရီးယားဖြစ်သော Bacillus subtilis natto လိုအပ်ပါမည်။ထိုဘက်တီးရီးယားသည် လက်တစ်အက်ဆစ်(lactic
acid) ထက်အားပျော့ပါသည်။
အထူးသတိပြုရမည်မှာ လက်တစ်အက်ဆစ် ဘက်တီးရီးယားများ
ပေါက်ပွားခြင်းမရှိစေရန်ဖြစ်ပါသည်။
အချို့သော Bacillus subtilis natto များသည် ပိုမိုအရောင်ကင်းမဲ့ပြီး
လုပ်ဆောင်မှုနှေးကွေးသောကြောင့်
အခြားသောပိုးများပေါက်ဖွားလာနိုင်ချေဖြစ်ပါသည်။
ထိုပိုးမွှားများသည် အဓိကဘက်တီးရီးယားဖြစ်သော
Bacillus subtilis natto ကိုအန္တရာယ်ဖြစ်စေပါသည်။
နာ့တိုးသည် ရာဇဝင်သမိုင်းအရ ကောက်ရိုးများအကြားတွင် ပဲပိစပ်ပြုတ်ကိုထည့်သွင်းကာ ပြုလုပ်ခြင်းဖြင့်
သဘာဝအတိုင်း Bacillus subtilis natto ကိုဖြစ်စေပါသည်။ ပဲပိစပ်ကို ကောက်ရိုးဖြင့်ထုပ်ပိုးပြီး
အချဉ်ဖေါက်ခြင်းဖြစ်သည်။
ယနေ့ခေတ်တွင် နာ့တိုးကို
ဖော့ဘူးငယ်များဖြင့်ထုတ်ပိုးကာအသင့်စားသုံးနိုင်ရန်ရောင်းချလေ့ရှိပါသည်။
၄၀ ဂရမ်၊ ၅၀ ဂရမ်ခန့်အလေးချိန်ရှိသော
နာ့တိုးဘူးငယ် ၂ဘူး သို့မဟုတ် ၃ဘူးခန့်ကိုပူးတွဲထုတ်ပိုး
ထားလေ့ရှိသည်။ အသင့်ထုတ်ပိုးထားသော
ထမင်းဖြူဘူးငယ်ကိုလည်းဝယ်ယူနိုင်ပါသည်။
နာ့တိုးစားသုံးနည်း
၁။ နာ့တိုးဖော့ဘူးလေးကိုဖွင့်လိုက်ပါ။
အဖြူရောင်ပလတ်စတစ်ဖြင့်ဖုံးအုပ်ထားသော
ပဲစေ့လေးတွေကိုတွေ့ရပါမည်။
အချို့ဘူးများတွင်အရသာအတွက်
ရှောယုထုတ်လေးများပါတတ်သည်။
၂။ အပေါ်တွင်ဖုံးထားသော
ပလတ်စတစ်လေးကိုခွာထုတ်လိုက်ပါ။
၃။ ထမင်းစားတူဖြင့်
ပဲစေ့လေးတွေကို မွှေပေးပါ။ ခပ်နာနာလေးမွှေပေးပါ။
ပဲစေ့လေးများအကြားတွင်
အဖြူရောင်အစီးအမျှင်လေးများကိုမြင်တွေ့ရပြီး စီးကပ်ကပ်ဖြစ်လာပါမည်။
သင်နှစ်သက်ပါက
ထိုပဲစေ့လေးများကိုမမွှေခင် ကြက်ဥအစိမ်းတစ်လုံးကိုထည့်ပြီး မွှေနိုင်ပါသည်။
၎။ သမအောင်မွှေပြီးပြီဆိုပါက
အသင့်စားသုံးနိုင်သော နာ့တိုးကိုရရှိပါပြီ။
ထမင်းဖြူထဲတွင် နာ့တိုးကိုထည့်ပြီး အရသာရှိစွာစားသုံးနိုင်ပါပြီ။
နာ့တိုးတွင် ရေဓါတ် ၅၅ %၊ ပရိုတင်း ၁၈%၊
အဆီဓါတ် ၁၁%၊ အမျှင်ဓါတ် ၅%နှင့် သကြားဓါတ် ၅%ပါဝင်ပါသည်။ နာ့တိုး ၁၀၀ဂရမ်းစားသုံးခြင်းအားဖြင့် ရရှိသောအကျိုးကျေးဇူးများမှာ
နေ့စဉ်လိုအပ်နေသော
ဗီတာမင် K - ၂၉%၊ ဗီတာမင် C - ၂၂%၊
မန်းဂနိ ၇၆%၊ သံဓါတ် ၂၂%၊ အမျှင်ဓါတ် ၂၂%
စသည်ဖြင့် ရရှိပါသည်။
မှတ်ချက်။ ။ သင့်ကို ဂျပန်တွေက နာ့တိုးကြိုက်လားလို့မေးပါလိမ့်မည်။
သင်က ကြိုက်တယ်လို့ဖြေတယ်ဆိုရင် သူတို့တွေကအံ့သြသင့်တဲ့ပုံစံတွေဖြစ်သွားပါမယ်။
ဟယ်...ဟုတ်လား.....တကယ်လား....ဆိုပြီး ဝမ်းသာအားရပုံစံတွေကိုတွေ့ရပါလိမ့်မယ်။
နာ့တိုးစားခြင်းဖြင့် သင်လည်း ဂျပန်သူငယ်ချင်းတွေပိုပြီး တိုးပွားလာပါလိမ့်မယ်။
အသေးစိပ်ဖတ်ရှုလိုပါက နာ့တိုး တွင်ဝင်ရောက်ဖတ်ရှုပါ။
နာ့တိုးပြုလုပ်နည်းအသေးစိပ်သိလိုပါက နာ့တိုးပြုလုပ်နည်း ကိုဖတ်ရှုပါ။
ရေးသားသူ - ဆက်ပိုင်
အောက်တိုဘာ ၂၀၁၄
ကျမ Natto လုပ်နည်းသိချင်လို့ပါ
ReplyDelete