အလေးချိန် ...... ၁၂၁ တန် (ပေါင် ၂၆၇၀၀၀)
အမြင့်............. ၁၃.၃၅ မီတာ(၄၃.၈ ပေ)
မျက်နှာတော်အလျား........၂.၃၅ မီတာ (၇.၇ ပေ)
မျက်လုံးတော်အလျား.......၁ မီတာ (၃.၃ပေ)
ပါးစပ်တော်အလျား..........၀.၈၂ မီတာ (၂.၇ပေ)
နားတော်အရှည်.............၁.၉၀ မီတာ (၆.၂ ပေ)
ဒူးတော်နှစ်ခုအလျား.......၉.၁၀ မီတာ (၂၉.၉ ပေ)
ခိုတိုခုအင်း ဘုရားကျောင်း
သတ်မှတ်ချိန်...... မနက် ၈ နာရီမှ ညနေ ၅နာရီခွဲအထိ
(အောက်တိုဘာမှ မတ်လအထိသည် ညနေ ၅နာရီအထိသာ)
ပိတ်ရက်..........မရှိပါ။
ဝင်ကြေး..........ယန်း ၂၀၀
ကမာကူရဆင်းတုတော်ကြီးကို ဂျပန်ဘာသာဖြင့် ကမာကူရ ဒိုင်းဘုဆု ဟုခေါ်ကြပါသည်။
ကမာကူရဆိုသည်မှာ ခေတ်ကာလတစ်ခုသို့မဟုတ် နေရာတစ်ခု၏ အမည်ဖြစ်ပါသည်။
ဒိုင်းဘုဆုဆိုသည်မှာ ကြီးမားသော ဆင်းတုတော်ကြီးဟုအဓိပါယ်ရပါသည်။
ထိုကမာကူရဆင်းတုတော်ကြီးသည် တည်နေရာအားဖြင့် ဂျပန်နိုင်ငံ၊ ခနဂဝ ခရိုင်၊
ကမာကူရရှိ ခိုတိုခုအင်း (Kotokuin) ဘုရားကျောင်းအတွင်း တည်ရှိပါသည်။
အမြင့်အားဖြင့် ၁၃.၃၅ မီတာ ရှိပြီး ဂျပန်နိုင်ငံတွင် ဒုတိယညဏ်တော်အမြင့်ဆုံးသော ကြေးဆင်းတု
တော်ကြီးဖြစ်ပါသည်။ အကြီးဆုံးဆင်းတုတော်ကြီးမှာ နရရှိ တိုးဒိုင်းဂျိ ဘုရားကျောင်းအတွင်းရှိ ဆင်းတုတော်ကြီးဖြစ်ပါသည်။
The Great Buddha of Kamakura (Kamakura Daibutsu) is a bronze statue of Amida Buddha,
which stands on the grounds of Kotokuin Temple in Kamakura, Kanagawa Prefecture,
Japan. With a height of 13.35 meters, it is the second tallest bronze Buddha statue in
Japan, surpassed only by the statue in Nara's Todaiji Temple.
ကမာကူရဆင်းတုတော်ကြီးကို ၁၂၅၂ ခုနှစ်တွင်သွန်းလုပ်ခဲ့ပြီး မူလက ကြီးမားသောဘုရားကျောင်း
ခန်းမကြီးအတွင်းတွင်တည်ရှိခဲ့ပါသည်။ ထိုအချိန်ကာလက ဆင်းတုတော်ကြီးကို ရွှေချပူဇော်ခြင်းများ
ရှိခဲ့ပါသည်။
The statue was cast in 1252 and originally located inside a large temple hall.
At one time, the statue was gilded.
ဘုရားကျောင်းခန်းမဆောင်ကြီးသည် ၁၃၃၄ခုနှစ်တွင် မုန်တိုင်းဒဏ်ကြောင့်ပျက်စီးခဲ့ပါသည်။
အသစ်တဖန် ပြန်လည်တည်ဆောက်ခဲ့ကြပြီး ၁၃၆၉ခုနှစ်တွင် နောက်ထပ်မုန်တိုင်းဒဏ်ကြောင့်
ပျက်စီးခဲ့ရပြန်ပါတယ်။ သို့သော်အသစ်တဖန် ပြန်လည်တည်ဆောက်ခဲ့ပါသည်။
The hall was destroyed by a storm in 1334, was rebuilt, and was damaged by yet
another storm in 1369, and was rebuilt yet again.
မုရောမချိ ခေတ်ကာလအတွင်း၊ ၁၄၉၈ ခုနှစ်စက်တင်ဘာလ ၂၀ရက်နေ့တွင်ဖြစ်ပွားခဲ့သော ဆူနာမီဘေးဒဏ်ကြောင့် နောက်ဆုံးသောဘုရားကျောင်းခန်းမဆောင်ကြီးမှာ အဝေးသို့လွင့်စင် ပျက်ဆီးခဲ့ရပြန်ပါတယ်။ ထိုအချိန်မှစ၍ ကမာကူရ ဆင်းတုတော်ကြီးမှာ အမိုးအကာမပါသော
လေဟာပြင်ထဲတွင် စံမြန်းသီတင်းသုံးခဲ့ရပါတော့တယ်။
The last building housing the statue was washed away in the tsunami of September 20,
1498, during the Muromachi period. Since then, the Great Buddha has stood in the
open air.
ဆင်းတုတော်ကြီးမှာ အခေါင်းပေါက်ဆင်းတုတော်ကြီးဖြစ်ပြီး အတွင်းပိုင်းသို့ဝင်ရောက်
လေ့လာနိုင်ပါသည်။
The statue is hollow, and visitors can view the interior.
အတွင်းသို့ဝင်ရန်
သတ်မှတ်ချိန်...... ၈ နာရီမှ ညနေ ၄:၃၀ အထိ
ပိတ်ရက်............ မရှိပါ။
ဝင်ကြေး............ ယန်း ၂၀
မြန်မာတို့၏ယုံကြည်မှု
ဂျပန်စာသင်ယူနေသောကျောင်းသားများသည် ဂျပန်နိုင်ငံသို့ သွားရောက်လိုသောဆန္ဒရှိသည်မှာ
ပြောစရာလိုမည်မဟုတ်ပါ။ ဂျပန်စာသင်ယူနေသောကျောင်းသားများ၏ ယုံကြည်နေသောအချက်
တစ်ခုမှာ မိမိထံသို့ မိမိလုံ့လမပါဘဲ ကမာကူရဆင်းတုတော်ကြွရောက်လာပါက မိမိသည် ဂျပန်နိုင်ငံသို့ သွားရန်သေချာသည်ဟု ယုံကြည်နေကြပါသည်။ ထို့ကြောင့် ကမာကူရဘုရားကို အထူးယုံကြည်ကြပါ
သည်။ မြန်မာလူမျိုးတို့သည် ဂျပန်သို့ရောက်ရှိပါကလည်း ကမာကူရဘုရားကြီးသို့ သွားရောက်ဖူးမျှော်
ကြသည်မှာ မလွဲဧကန်ဖြစ်ပေသည်။
ဆက်လက်ဖတ်ရှုလိုပါက ကမာကူရ တွင်ဖတ်ရှုနိုင်ပါသည်။
ရေးသားသူ - ဆက်ပိုင်