ဂျပန်ဆာမူရိုင်း သူရဲကောင်းများ (Samurai)

ဆာမူရိုင်းဆိုသည်မှာ.......

ဆာမူရိုင်းစစ်သူရဲကောင်းတို့သည် မြင်းစီးတိုက်ပွဲ၊ မြေပြင်တိုက်ပွဲများတွင်ကျွမ်းကျင်သူများဖြစ်သည်။
လက်နက်ကိုင်တိုက်ပွဲဝင်ခြင်းနှင့် လက်နက်မဲ့တိုက်ပွဲဝင်ခြင်းများကိုလေ့ကျင့်ထားကြသည်။
အစောပိုင်း ဆာမူရိုင်းတို့သည် အဓိကအားဖြင့် လေးနှင့်မြှားတို့ဖြင့် တိုက်ပွဲဝင်ကြသည်။
ဆာမူရိုင်းတို့သည် အနီးကပ်တိုက်ပွဲများနှင့် ရန်သူကိုခေါင်းဖြတ်သုတ်သင်ခြင်းများတွင် ဓားရှည်များကို
အသုံးပြု ကြလေသည်။ ဆာမူရိုင်းတို့သည် မြင်းစီးတိုက်ပွဲဝင်ခြင်းမှ ခြေလျင်တိုက်ပွဲဝင်ခြင်းဆီသို့
တဖြည်းဖြည်းပြောင်းလဲလာခဲ့သည်။

The Samurai became expert in fighting from horseback and on the ground.
They practiced armed and un-armed combat. The early Samurai emphasized fighting with

the bow and arrow. They used swords for close-in fighting and beheading their enemies.
The Samurai slowly changed from fighting on horseback to fighting on foot.

ဘူရှီဒိုဝါဒဆိုသည်မှာ.....

ဘူရှီဒို ဆိုသောစကား၏အဓိပါယ်မှာ "ဘူရှီ" သည် စစ်သူရဲကောင်းဖြစ်ပြီး၊ "ဒို"ဆိုသည်မှာ နည်းလမ်း၊
လမ်းစဉ် ဟုသောအဓိပါယ်ဖြစ်လေသည်။

The word "bushido" comes from the Japanese roots bushi, meaning "warrior," and
"do", is "way."

ဆာမူရိုင်းတို့၏အခြေခံအကျဆုံးသော ယဉ်ကျေးမှုတစ်ရပ်မှာ ဘူရှီဒို အယူအဆပင်ဖြစ်လေသည်။
ဘူရှီဒိုဆိုသည်မှာ သခင်အပေါ်တွင် သစ္စာစောင့်သိသော စစ်သူရဲကောင်းစိတ်ဓါတ် ဖြစ်သည်။
ဘူရှီဒို၏ အခြေခံသဘောတရားမှာ မိမိသခင်အပေါ်ထားရှိအပ်သော ဂုဏ်ကျေးဇူး၊ သတ္တိနှင့် သစ္စာစောင့်သိမှုတို့ပင်ဖြစ်သည်။ သခင်ကိုကာကွယ်ခြင်းဟူသော မြင့်မြတ်သည့်စိတ်ထားသည်
တိုက်ပွဲဝင်ရာတွင်ကြောက်ရွံ့မှုကိုကွယ်ပျောက်စေသည်။ ဘူရှီဒိုစိတ်ဓါတ်ဖြင့် ဆာမူရိုင်းတို့သည်
သခင်အတွက်ရဲဝံ့စွာတိုက်ပွဲဝင်ကြပြီး အညံ့ခံအရှုံးပေးခြင်းထက် မြင့်မြတ်စွာအသေခံသွားရန်ဖြစ်လေသည်။

The culture of the samurai was grounded in the concept of bushido - "the way of the
warrior." The central tenets of bushido are honor and freedom from the fear of death.

The principles of bushido emphasized honor, courage, and loyalty to a warrior's master
above all else. A warrior imbued with bushido spirit would fight fearlessly for his master,
and die honorably rather than surrender in defeat.

ဆပ်ပုခုဆိုသည်မှာ.....

ဆပ်ပုခုဆိုသည်မှာ မိမိဝမ်းဗိုက်ကိုခွဲခြင်းဟုလည်းခေါ်ဆိုကြသည်။
ဂျပန်နိုင်ငံမြေပိုင်ရှင်ကြီး၊ သစ္စာခံဆာမူရိုင်းတို့ကလက်ခံဆောင်ရွက်ခဲ့သော သတ်သေခြင်းဓလေ့ထုံးစံ
တစ်ခုဖြစ်လေသည်။ မိမိ၏ဝမ်းဗိုက်ကို ဓားဖြင့်ထိုးခွဲပြီးသေဆုံးခြင်းဖြစ်လေသည်။
ထိုသို့ပြုလုပ်ခြင်းအားဖြင့်သေဆုံးပြီးနောက်ဘဝတွင် ဆာမူရိုင်းစိတ်ဓါတ်နှင့် ဘဝကို ချက်ခြင်း
လွတ်မြောက်မှုကိုရယူနိုင်သည်ဟု ယုံကြည်လက်ခံထားကြလေသည်။


Seppuku, also known as harakiri, is a form of ritual suicide that was practiced by the
samurai and daimyo of Japan.  It involves cutting the stomach open, which was believed
to immediately release the samurai's spirit to the afterlife.

ဆာမူရိုင်းစစ်သူရဲကောင်းတို့သည် ဘူရှီဒိုစိတ်ဓါတ်အရ၊ ဆာမူရိုင်းတို့၏ လမ်းစဉ်အရ မိမိဝမ်းဗိုက်ကို ဓါးဖြင့်ထိုးခွဲခြင်းကို ပြု လုပ်ရသည့် အကြောင်းအရင်းများစွာရှိလေသည်။ အကြောင်းအရင်းများထဲတွင်
စစ်ပွဲရှုံးနိမ့်ရသဖြင့် သူရဲဘောကြောင်မိသော မိမိကိုယ်ကိုအရှက်ရစေခြင်း၊ မိမိသခင်အပေါ်သစ္စာမဲ့သော
လုပ်ရပ်ကိုလုပ်မိခြင်း၊ မိမိသခင်မြေပိုင်ရှင်၏ ထောက်ပံ့ပေးမှုကိုဆုံးရှုံးလိုက်ရခြင်းစသည်တို့ပါဝင်လေသည်။
စစ်ပွဲတွင်ရှုံးနိမ့်ခဲ့ပြီး အသက်ရှင်ကျန်နေသောဆာမူရိုင်းတို့ကို မိမိတို့၏နိမ့်ကျသွားသော ဂုဏ်သိက္ခာကို
ပြန်လည်ရယူနိုင်ရန်အတွက် ဆပ်ပုခုပြုလုပ်မှုကို ခွင့်ပြုခဲ့လေသည်။

(မိမိဝမ်းဗိုက်ကို မိမိဘာသာ ဓါးဖြင့်ခွဲ၍ မိမိအူတို့ကို ဆွဲထုတ်ကာလှီးဖြတ်ပြီး ရဲဝံ့စွာသေဆုံးမှုပြု ခြင်းသည်
အင်မတန် နာကျင်မှုဝေဒနာကိုခံစားရလေသည်။ ထိုနာကျင်မှုဝေဒနာကို မခံစားစေလိုဘဲသက်သာစွာ
သေဆုံးမှုကိုရစေရန်အတွက် စေတနာပါသောမိတ်ဆွေရှိခဲ့ပါက ထိုသူ၏ဘေးမှနေ၍ ထိုသူမသိရအောင် 
ဓါးရှည်ဖြင့် ထိုသူ၏လည်ပင်းကို တိကနဲ တစ်ချက်တည်းဖြင့် ခုတ်ဖြတ်ပေးလေ့ရှိသည်။ ထိုသို့ဓါးရှည်ဖြင့်
ခုတ်ပိုင်းပေးခြင်းသည် စေတနာအရ ထိုသူကိုကူညီပေးခြင်းဖြစ်လေသည်။)

Samurai committed seppuku for a number of reasons, in accordance with bushido, the
samurai code of conduct. Motivations could include personal shame due to cowardice in
battle, shame over a dishonest act, or loss of sponsorship from a daimyo. Often times
samurai who were defeated but not killed in battle would be allowed to commit suicide
in order to regain their honor.

ဒိုင်းမြောဆိုသည်မှာ...

ဒိုင်းမြော ဆိုသောအဓိပါယ်မှာ "ဒိုင်း" သည် ကြီးမားသောဖြစ်ပြီး "မြော"သည် အမည်နာမဖြစ်လေသည်။
ဒိုင်းမြော=ကြီးကျယ်မြင့်မြတ်သောအမည်နာမ
ဒိုင်းမြောတို့သည် ကြီးကျယ်မြင့်မြတ်သောမြေနေရာတို့ကိုပိုင်ဆိုင်ထားသူများဖြစ်လေသည်။
အင်္ဂလိပ်စကားဖြင့် "Lord" အရှင်သခင်ဟု အဓိပါယ်ရလေသည်။

 The word "daimyo" comes from the Japanese roots dai, meaning "big or great," and myo,
 or "name," so "great name." In this case, however, "myo" means something like "title to
land," so the word really refers to the daimyo's large landholdings.
The equivalent in English would be "lord."

ရှိုးဂန်းဆိုသည်မှာ....

ရှိုးဂန်း ဆိုသောစကားလုံးသည် "ရှိုး" ဆိုသည်မှာ ညွှန်ကြားသူဖြစ်ပြီး "ဂန်း"ဆိုသည်မှာ တပ်ဖွဲ့ဖြစ်သည်။
စစ်ပွဲများတွင် စီစဉ်ညွှန်ကြားရသော စစ်ဗိုလ်ချုပ်ကြီးများဖြစ်ကြလေသည်။
The word "shogun" comes from the Japanese words sho, meaning "commander," and
gun, or "troops".A shogun is essentially a military general.

နိဂုံး

ရှိုးဂန်းစစ်ဗိုလ်ချုပ်များသည်မေဂျီတော်လှန်ရေးကာလ ၁၈၆၈ ခုနှစ်တွင် အာဏာကုန်ဆုံးခဲ့သည်။
ထို့အတူအရှင်သခင်ဖြစ်သော ဒိုင်းမြော မြေပိုင်ရှင်များသည်လည်း မိမိတို့ပိုင်ဆိုင်သောမြေယာများနှင့်
ရာထူးအာဏာ ဆိတ်သုန်းခဲ့ရလေသည်။

The shoguns lost power after the Meiji Restoration in 1868.
The daimyo were divested of their land and power during the Meiji Restoration of 1868

အသေးစိပ်ဖတ်ရှုလိုသူများအတွက်
ဆာမူရိုင်းတို့၏သမိုင်းကြောင်း
ဘူရှီဒို အဓိပါယ်
ဆပ်ပုခု ပြု လုပ်ခြင်း
ဒိုင်းမြောသခင်များ
ရှိုးဂန်းဗိုလ်ချုပ်များ

ရေးသားသူ - ဆက်ပိုင်

Related Posts Plugin for WordPress, Blogger...

 
back to top