ဟနဲဒ နိုင်ငံတကာလေဆိပ်
ဟနဲဒ လေဆိပ်သည် ဂျပန်နိုင်ငံတိုကျို မြို့တွင်တည်ရှိပါသည်။
တိုကျို နိုင်ငံတကာလေဆိပ်ဟုပြောဆိုပါက တိုကျို ဟနဲဒလေဆိပ်ကိုဆိုလိုခြင်းဖြစ်ပါသည်။
နရီတာလေဆိပ်မတိုင်မီက တိုကျို မြို့၏အဓိကအားထားရာလေဆိပ်ဖြစ်ပါသည်။
တိုကျို ဟနဲဒလေဆိပ်သည် မျက်မှောက်ကာလတွင် တိုကျို မြို့ရှိ အဓိကလေဆိပ်နှစ်ခုအနက်မှ
တစ်ခုဖြစ်ပါသည်။
Tokyo International Airport (東京国際空港 Tōkyō Kokusai Kūkō), commonly known as Haneda Airport (羽田空港 Haneda Kūkō) or Tokyo Haneda Airport is one of the two primary airports that serve the Greater Tokyo Area.
ဟနဲဒ လေဆိပ်သည် ၁၉၇၈ ခုနှစ်အထိ တိုကျို မြို့၏ အဓိက နိုင်ငံတကာလေဆိပ်ဖြစ်ခဲ့ပါသည်။
ဟနဲဒ လေဆိပ်မှ တိုကျို မြို့နှင့် အခြားသောဂျပန်နိုင်ငံ ပြည်တွင်းခရီးစဉ်များကို
ဆောင်ရွက်ပေးခြင်းအပြင် အရှေ့အာရှနိုင်ငံများသို့လည်း ခရီးစဉ်များပြေးဆွဲပေးပါသည်။
နရီတာ နိုင်ငံတကာ လေဆိပ်သည် အဓိကအားဖြင့် နိုင်ငံတကာလေကြောင်းလိုင်းများကို
ကိုင်တွယ်ပေးရပါသည်။
Haneda was the primary international airport serving Tokyo until 1978.
Haneda handled almost all domestic flights to and from Tokyo as well as "scheduled charter" flights to a small number of major cities in East Asia, while Narita International Airport handled the vast majority of international flights.
ထို့ကြောင့် အကယ်၍ သင်သည်ဂျပန်နိုင်ငံတိုကျို မြို့မှ အခြားသောမြို့များသို့သွားရောက်မည်
ဆိုပါက ဟနဲဒလေဆိပ်မှတဆင့် သွားရောက်ရမည်ဖြစ်ပါသည်။ နရီတာလေဆိပ်မှ ဟနဲဒလေဆိပ်သို့
ပြေးဆွဲပေးနေသော အထူးဘတ်စ်ကားများစီစဉ်ထားရှိပါသည်။
ဟနဲဒ လေဆိပ်တွင်လည်း ပင်မဆောင် (၁)နှင့် (၂) ဟူ၍ ရှိပါသည်။
ပင်မဆောင် (၁) Terminal-1
ပင်မဆောင်(၁)ကို ကြီးမားသောငှက်ကြီး ဟု တင်စားခေါ်ဝေါ်ပါသည်။
ထိုပင်မဆောင်(၁)ကို ၁၉၉၁ ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပါသည်။
မူလ ၁၉၇၀ ခုနှစ်ကတည်ဆောက်ခဲ့သော အဆောက်အဦးငယ်ကို
အစားထိုးတည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။
တဖြောင့်တည်းတည်ဆောက်ထားသောခြောက်ထပ်အဆောက်အဦးဖြစ်ပါသည်။
ဈေးဆိုင်များ၊ အစည်းအဝေးခန်းမများကို အဆောက်အဦးအလယ်ပိုင်းတွင် ထည့်သွင်းထားပြီး၊
အပေါ်ဆုံးထပ်တွင် ကျယ်ဝန်းသော ကြည့်ရှုရာစင်မြင့်နေရာနှင့် လေဟာပြင်ကော်ဖီဆိုင်တို့ရှိပါသည်။
Terminal 1 called "Big Bird" opened in 1993. This largest terminal in Haneda Airport replacing the smaller 1970 terminal complex. The linear building features a six-story restaurant, shopping area and conference rooms in its center section and a large rooftop observation deck with open-air rooftop cafe.
ပင်မဆောင် (၂) Terminal-2
ပင်မဆောင်(၂)ကို ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ကဖွင့်လှစ်ခဲ့ပါသည်။
ခေါင်မိုးထပ်တွင် စားသောက်ဆိုင်ရှိပါသည်။
ခြောက်ထပ်အဆောက်အဦးဖြစ်ပြီး၊ အတွင်းတွင် ဈေးဆိုင်များ၊ စားသောက်ဆိုင်များနှင့်
အခန်း ၃၈၇ ခန်းပါရှိသော Haneda Excel Hotel Tokyu ရှိပါသည်။
Terminal 2 opened on December 1, 2004. It features an open-air rooftop restaurant, a six-story shopping area with restaurants and the 387-room Haneda Excel Hotel Tokyu.
နိုင်ငံတကာပင်မဆောင် (International Terminal)
ဟနဲဒ လေဆိပ်၏ လက်ရှိ နိုင်ငံတကာ ဝင်ပေါက်ထွက်ပေါက် ပင်မဆောင်ကို
၂၀၁၀ ခုနှစ် အောက်တိုဘာလ၂၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။
The current international terminal opened on October 21, 2010.
အသေးစိပ်ဆက်လက်ဖတ်ရှုလိုပါက ဟနဲဒလေဆိပ် တွင်သွားရောက်ဖတ်ရှုပါ။
ရေးသားသူ - ဆက်ပိုင်