ရာကူဇာဆိုသည်မှာ....
ရာကူဇာကို နောက်တစ်မျိုး " ဂေါ်ခုဒိုး" ဟုလည်းခေါ်ဆိုကြပါသည်။
ဂေါ်ခု = အစွန်းရောက်သော
ဒိုး = လမ်း
ဂေါ်ခုဒိုး = အစွန်းရောက်သောလမ်း
ဂျပန်နိုင်ငံတွင်စတင်ဖွဲ့စည်းထားပြီးနောက်တွင် ရာဇဝတ်လုပ်ငန်းများကိုခိုင်မာစွာလုပ်ဆောင်နေသော
မြေအောက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ဂျပန်ရဲတပ်ဖွဲ့နှင့် မီဒီယာများက ထိုအဖွဲ့ကို "ဘိုးရောခုဒန်း" ဟုခေါ်ဆိုကြသည်။
ဘိုးရောခု = ရာဇဝတ်မှု
ဒန်း = အဖွဲ့အစည်း
ဘိုးရောခုဒန်း = ရာဇဝတ်မှုလုပ်ငန်းများကိုလုပ်ကိုင်နေသောအဖွဲ့အစည်း
သို့သော် ရာကူဇာများက မိမိတို့ကိုယ်ကို "နင်းခရော ဒန်းတိုင်း" ဟုခေါ်ဆိုကြသည်။
နင်းခရော = စိတ်ထားမြင့်မြတ်သော
ဒန်းတိုင်း = အဖွဲ့အစည်းကြီး
နင်းခရော ဒန်းတိုင်း = စိတ်ထားမြင့်မြတ်သောအဖွဲ့အစည်းကြီး
ရာကူဇာတို့သည် စည်းမျဉ်းစည်းကမ်းတင်းကြပ်ခြင်း၊ စည်းလုံးမှုအင်အားကောင်းခြင်းစသဖြင့် မကောင်းမှုများဖြင့်ကျော်ဇောကြလေသည်။ အဖွဲ့ဝင်အင်အားတောင့်တင်းကြပြီး ဂျပန်နိုင်ငံအတွင်း
စုစုပေါင်းအင်အား ၁သိန်း ၃ထောင်ခန့်ဖြင့် လှုပ်ရှားလုပ်ကိုင်နေသည်။
Yakuza (ヤクザ, ), also known as gokudō (極道), are members of transnational organized
crime syndicates originating in Japan. The Japanese police, and media by request of the
police, call them bōryokudan (暴力団, "violence group"), while the yakuza call themselves
"ninkyō dantai" (任侠団体 or 仁侠団体, "chivalrous organizations"). The yakuza are
notorious for their strict codes of conduct and very organized nature. They have a large
presence in the Japanese media and operate internationally with an estimated 103,000
members.
ရာကူဇာဂိုဏ်းဝင်အများစုတို့သည် မိမိတစ်ကိုယ်လုံးကို တက်တူးများထိုးလေ့ရှိကြသည်။
တက်တူးထိုးခြင်းကို ဂျပန်ဘာသာဖြင့် အိရဲဇုမိ ဟုခေါ်ဆိုကြသည်။
လျပ်စစ်အပ်ဖြင့်ရေးထိုးခြင်းမဟုတ်ဘဲ ချွန်ထက်သောဝါးချွန် ၊ သံချွန် အစရှိသည်တို့ကိုလက်ဖြင့်
ကိုင်ကာအရေပြားအောက်အလွှာတွင် မင်များကိုထိုးသွင်းပြီးရေးချယ်ခြင်းဖြစ်သည်။
ထိုသို့တက်တူးရေးထိုးရာတွင် ငွေကုန်ကြေးကျများပြီး၊ အင်မတန်နာကျင်ကာ နှစ်ပေါင်းများစွာကြာမှ
ပြီးတတ်လေသည်။
Many yakuza have full-body tattoos (including their genitalia). These tattoos, known as irezumi in Japan, are still often "hand-poked", that is, the ink is inserted beneath the skin using non-electrical, hand-made and handheld tools with needles of sharpened bamboo or steel. The procedure is expensive, painful and can take years to complete.
ရာကူဇာတို့သည် ဂျပန်ရိုးရာကတ်ပြားကစားနည်းဖြစ်သော အိုအိချောခဘုကတ်ကစားနည်းကို
ကစားသောအခါတွင် မိမိတို့၏ဝတ်ဆင်ထားသောအပေါ်အကျီများကိုချွတ်လိုက်ပြီး ခါးအထက်နားတွင်
ရစ်ပတ်ထားလိုက်သည်။ ဤသို့ပြုလုပ်ခြင်းသည် မိမိတို့၏ တက်တူးများကို အချင်းချင်းမြင်သာစေရန်
ဖြစ်သည်။ ဤအချက်သည် ရာကူဇာများက မိမိတို့၏တက်တူးကိုအခြားသူများကိုမြင်သာစေသော
နည်းပါးလှသည့်အချက်များထဲမှတစ်ချက်ဖြစ်သည်။ ရာကူဇာတို့သည် မိမိတို့တက်တူးများကို အခြားသူများ
မမြင်စေရန်အတွက် အကျီလက်ရှည်နှင့် လည်ပင်းလုံသောအကျီတို့ကို လူအများရှိသောနေရာများတွင်
လုံခြုံစွာဝတ်ဆင်ကြသည်။ ရာကူဇာဂိုဏ်းသို့ လူသစ်ဝင်ရောက်မည်ဆိုပါက အဆိုပါလူသစ်သည်
မိမိ၏ဘောင်းဘီကိုအကုန်လုံချွတ်ပြရပြီး မိမိတွင်ရှိသော တက်တူးများကို ဖော်ပြရန်လိုသည်။
When yakuza members play Oicho-Kabu cards with each other, they often remove their shirts or open them up and drape them around their waists. This allows them to display their full-body tattoos to each other. This is one of the few times that yakuza members display their tattoos to others, as they normally keep them concealed in public with long-sleeved and high-necked shirts. When new members join, they are often required to remove their trousers as well and reveal any lower body tattoos.
မတူညီသော ရာကူဇာအဖွဲ့ဝင်အုပ်စုများစွာရှိလေသည်။ အကယ်၍ထိုအုပ်စုအားလုံးကို ပေါင်းစည်းလိုက်
မည်ဆိုပါက ကမ္ဘာတွင်အကြီးဆုံးသောရာဇဝတ်အုပ်စုကြီးဖြစ်ပေလိမ့်မည်။
Although there are many different yakuza groups, together they form the largest organized crime group in the world.
အကြီးမားဆုံးသောရာကူဇာအုပ်စုကြီး ၃ စု
၁။ ယာမဂုချိ အဖွဲ့ (山口組)
"ယာမဂုချိ ဂုမိ"
ယာမ = တောင်
ဂုချိ = ပါးစပ်ပေါက်
ဂုမိ = အဖွဲ့ကြီး
၁၉၁၅ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး၊ ယာမဂုချိ ဂုမိသည် ရာကူဇာမိသားစုတွင် အကြီးမားဆုံးဖြစ်သည်။
ဂျပန်နိုင်ငံရှိ ရာကူဇာ ၅၀%သည် ယာမဂူချိ ဂုမိအဖွဲ့ဖြစ်ပြီး အဖွဲ့ဝင်စုစုပေါင်း ၅၅၀၀၀ကျော်ပါဝင်သည်။
အဖွဲ့ငယ်ပေါင်း ၈၅၀ ခန့်ထပ်မံခွဲခြမ်းထားသည်။ ရုံးချုပ်သည် ကိုဘေးတွင်ရှိပြီး ဂျပန်နိုင်ငံအနှံ့ဖြစ်ပွားနေ
သော ရာဇဝတ်မှုများကို တိုက်ရိုက်လုပ်ဆောင်နေသည်။ ထို့အပြင် အာရှနှင့် အမေရိကအထိပါ ရာဇဝတ်မှု
များဆောင်ရွက်လေ့ရှိသည်။
Created in 1915, the Yamaguchi-gumi is the biggest yakuza family, accounting for 50% of all yakuza in Japan, with more than 55,000 members divided into 850 clans. From its headquarters in Kobe, it directs criminal activities throughout Japan. It is also involved in operations in Asia and the United States.
၂။ စုမိယောရှိ အဖွဲ့ (住吉会)
"စုမိယောရှိ ကိုင်း "
စုမိ = နေထိုင်မှု
ယောရှိ = ပျော်ရွှင်သော
ကိုင်း = အဖွဲ့အစည်း
စုမိယောရှိ အဖွဲ့သည် ဒုတိယအကြီးမားဆုံး ရာကူဖာအဖွဲ့ဖြစ်ပြီး အဖွဲ့ဝင်ပေါင်း ၂၀၀၀၀ခန့်ရှိသည်။
အုပ်စုငယ်ပေါင်း ၂၇၇ ဖွဲ့ထပ်မံဖွဲ့စည်းထားသည်။ စုမိယောရှိ ရာကူဇာအဖွဲ့ကိုတစ်ခါတစ်ရံတွင်
ရာကူဇာအဖွဲ့ငယ်များမဟာမိတ်အဖွဲ့ဟုလည်းခေါ်ဆိုလေ့ရှိသည်။
The Sumiyoshi-kai is the second largest yakuza family, with 20,000 members divided into 277 clans. The Sumiyoshi-kai, as it is sometimes called, is a confederation of smaller yakuza groups.
၃။ အီနဂဝ အဖွဲ့(稲川会)
"အီနဂဝ ကိုင်း"
အီန = စပါးပင်
ဂဝ = မြစ်ချောင်း
ကိုင်း = အဖွဲ့အစည်း
အီနဂဝ အဖွဲ့သည် ဂျပန်နိုင်ငံတွင် တတိယအကြီးဆုံးရာကူဇာအဖွဲ့ဖြစ်သည်။
အဖွဲ့ဝင်ပေါင်း ၁၅၀၀၀ခန့်ရှိပြီး အဖွဲ့ငယ်ပေါင်း ၃၁၃ ဖွဲ့ ဖွဲ့စည်းထားသည်။
တိုကျို - ယိုကိုဟားမားဒေသတွင် အခြေခံထားပြီး ဂျပန်နိုင်ငံပြင်ပတွင်ရာဇဝတ်မှုများလုပ်ကိုင်မှုကို
ပထမဆုံးလုပ်ဆောင်သော ရာကူဇာအဖွဲ့ဖြစ်သည်။
The Inagawa-kaï is the third largest yakuza family in Japan, with roughly 15,000 members divided into 313 clans. It is based in the Tokyo-Yokohama area and was one of the first yakuza families to expand its operations to outside of Japan.
လက်ညှိုးဖြတ်ခြင်း
"ယုဘိဆုမဲ" ဟုခေါ်သည်
ယုဘိ = လက်ညှိုး
ဆုမဲ = ဖြတ်သည်၊ တိုအောင်လုပ်သည်။
လက်ညှိုးဖြတ်ခြင်းသည် တစ်စုံတစ်ခုသောပြစ်မှု၊ ပြစ်ဒဏ်ကိုပေးဆပ်သော ဂျပန်ထုံးစံတစ်ခုဖြစ်သည်။
တစ်စုံတစ်ယောက်ကို ဖြောင့်မှန်သောတောင်းပန်မှုကိုပြသသည့် အပြစ်ဝန်ခံမှုနည်းလမ်းဖြစ်သည်။
ထိုလုပ်ရပ်သည် ဂျပန်နိုင်ငံတွင် ထင်ရှားကျော်ကြားသောရာကူဇာတို့၏ အထူးအပြစ်ပေးသည့်ပုံစံဖြစ်သည်။
Yubitsume (指詰め, "finger shortening") is a Japanese ritual to atone for offenses to another, a way to be punished or to show sincere apology to another.It is almost exclusively performed by the Yakuza, the prominent Japanese criminal organization.
အသေးစိပ်ထပ်မံဖတ်ရှုလိုပါက ရာကူဇာ တွင်ဖတ်ရှုနိုင်ပါသည်။
ရေးသားသူ - ဆက်ပိုင်
0 comments:
Post a Comment
အချင်းချင်းအားပေး၍ လက်တွဲဆောင်ရွက်ပြီးအောင်မြင်မှုရအောင်ကြိုးစားကြပါစို့။
(ပိုမိုကောင်းမွန်အောင်ဆောင်ရွက်လိုပါသဖြင့် Comment ရေးသားပြီး ပူးပေါင်းကူညီပေးပါ။)
သင့်နှင့်တကွ အားလုံးအတွက် ကျွန်ုပ်ဘလော့ရေးနေခြင်းဖြစ်သည်။
သင့်ဆန္ဒကို Comment ရေးပြီးဖော်ပြနိုင်ပါသည်။
တိုက်ရိုက်ဆက်သွယ်လိုပါက Email ပို့ပေးပါ။ (setpaing@gmail.com)