မူလအစ.....
ဆူမိုနပန်းသည် ဂျပန်ရိုးရာအားကစားနည်းတစ်နည်းဖြစ်ပြီးဂျပန်တို့၏ တန်ဖိုးထားရာအားကစားနည်း လည်းဖြစ်ပါသည်။ မျိုးရိုးစဉ်ဆက်တန်ဖိုးထားထိမ်းသိမ်းလာခဲ့ပြီး ယခုတိုင်နာမည်ကျော်ကြားလျက်ရှိပါသည်။
ဆူမိုအစ ဂျပန်ကဟုဆိုရမည်ဖြစ်ပါသည်။
ဆူမိုဆိုသည်မှာ.....
ဆူမိုဆိုသည်မှာ မိမိ၏ ခွန်အားကိုစုစည်းအသုံးပြု ၍ယှဉ်ပြိုင်ရသောနပန်းအားကစားတစ်မျိုးဖြစ်ပါသည်။
အနိုင်ရခြင်း......
ဆူမိုနပန်းသမားသည် မိမိ၏ယှဉ်ပြိုင်ဘက်နပန်းသမားကို
၁။ ကြိုးဝိုင်းအပြင်ဘက်သို့ရောက်စေခြင်း
၂။ ခြေဖဝါးအပေါ်ပိုင်းရှိ မည်သည့်ကိုယ်ခန္ဒာအစိတ်အပိုင်းမဆို ကြိုးဝိုင်းကြမ်းပြင်သို့ထိစေခြင်း
စသည့်အချက်ပေါ်တွင် အနိုင်၊ အရှုံးသတ်မှတ်သည်။
ဆူမိုနပန်းသမားအဆင့်များ....
စုစုပေါင်း(၆)ဆင့်ရှိပါသည်။
၁။ Makuuchi (အမြင့်ဆုံးအဆင့်)
၂။ Juuryo (ဒုတိယအမြင့်ဆုံးအဆင့်)
၃။ Makushita (တတိယအမြင့်ဆုံးအဆင့်)
၎။ Sandanme (တတိယအနိမ့်ဆုံးအဆင့်)
၅။ Jonidan (ဒုတိယအနိမ့်ဆုံးအဆင့်)
၆။ Jonokuchi (အနိမ့်ဆုံးအဆင့်)
မည်သည့်ဆူမိုနပန်းသမားမဆို အောက်ဆုံးအဆင့် Jonokuchi မှစတင်ရပြီး အမြင့်ဆုံးအဆင့်
Makuuchi သို့ရောက်အောင်ကြိုးစားရလေသည်။
ဆူမိုနပန်း ဆုတံဆိပ်များ.......
ဆူမိုနပန်းတို့၏အမြင့်ဆုံးအဆင့်ရှိကြသော Makuuchi တို့သည်
အောက်ပါဆုတံဆိပ်များကိုပိုင်ဆိုင်ကြသည်။
၁။ Yokozuna (ယိုကိုဇုန)
၂။ Oozeki (အိုးဇဲခိ)
၃။ Sanyaku (စန်းယခု)
၎။ Maegashira (မအဲဂရှိလ)
၅။ Juuryou (ဂျုးလယော)
ယိုကိုဇုန ဆုတံဆိပ်သည် အမြင့်ဆုံးဆုတံဆိပ်ဖြစ်လေသည်။
ယိုကိုဇုနချန်ပီယံ အစရှောယူး
ဆူမိုချန်ပီယံတို့ရသောလစာများ......
ယိုကိုဇုန - ယန်း၂၈၂သောင်း (၃၀၅၀၀ ဒေါ်လာခန့်)
အိုးဇဲခိ - ယန်း ၂၃၄ သောင်း ၇ ထောင် (၂၅၀၀၀ ဒေါ်လာခန့်)
စန်းယခု - ယန်း ၁၆၉သောင်း ၃ထောင် (၁၈၀၀၀ ဒေါ်လာခန့်)
မအဲဂရှိလ - ယန်း ၁၃၀ သောင်း ၉ ထောင် (၁၄၀၀၀ ဒေါ်လာခန့်)
ဂျူးလယော - ယန်း ၁၀၃ သောင်း ၆ ထောင် (၁၁၀၀၀ ဒေါ်လာခန့်)
(အထက်ပါလစာများမှာ ၂၀၀၆ ခုနှစ်စာရင်းများအရလစဉ်ရရှိသောလစာများဖြစ်သည်။)
ဆူမိုအားကစားနှင့်ပတ်သက်သောအချက်အလက်များမှာအနည်းငယ်ရှုပ်ထွေးပါသည်။
ဆူမိုနှင့်ပတ်သက်သောစကားလုံးများကိုလည်းဖတ်ရှုပါ။
ရေးသားသူ - ဆက်ပိုင်
0 comments:
Post a Comment
အချင်းချင်းအားပေး၍ လက်တွဲဆောင်ရွက်ပြီးအောင်မြင်မှုရအောင်ကြိုးစားကြပါစို့။
(ပိုမိုကောင်းမွန်အောင်ဆောင်ရွက်လိုပါသဖြင့် Comment ရေးသားပြီး ပူးပေါင်းကူညီပေးပါ။)
သင့်နှင့်တကွ အားလုံးအတွက် ကျွန်ုပ်ဘလော့ရေးနေခြင်းဖြစ်သည်။
သင့်ဆန္ဒကို Comment ရေးပြီးဖော်ပြနိုင်ပါသည်။
တိုက်ရိုက်ဆက်သွယ်လိုပါက Email ပို့ပေးပါ။ (setpaing@gmail.com)