ဂျပန်အွန်းစမ်းဆိုသည်မှာ (Onsen)



ဂျပန်လို အွန်းစမ်းဆိုတာကတော့ ရေပူစမ်းလို့ပြောရမယ်ထင်ပါတယ်။
မီးတောင်တွေပေါများတဲ့ တိုင်းပြည်ဖြစ်တဲ့အလျောက် ဂျပန်နိုင်ငံမှာ အွန်းစမ်းအရေအတွက်ဟာ
ထောင်ပေါင်းများစွာရှိပါတယ်။ ဂျပန်လူမျိုးတွေဟာ အွန်းစမ်းကို ရိုးရာဓလေ့ထုံးစံတစ်ခုအရ အများသုံး
ရေချိုးဖို့နေရာအဖြစ်သတ်မှတ်ထားပါတယ်။ ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ ပြည်တွင်းခရီးသွားလာရေးမှာ
အရေးကြီးတဲ့အခန်းနေရာမှ တိုက်ရိုက်ပတ်သတ်နေပါတယ်။

An onsen (温泉) is a term for hot springs in the Japanese language. As a volcanically active country, Japan has thousands of onsen scattered along its length and breadth. Onsen were traditionally used as public bathing places and today play a central role in directing Japanese domestic tourism.

အွန်းစမ်း ရှိတဲ့နေရာတွေကို သင်္ကေတအဖြစ်ဖော်ပြရာမှာတော့ အမျိုးမျိုး ရှိပါတယ်။
ရေနွေးငွေ့လေးတွေအပေါ်ကိုတက်နေတဲ့ပုံစံ၊ ဂျပန်လို ရေနွေးလို့အဓိပါယ်ရတဲ့ ခန်းဂျိစာလုံး "ယု" ၊
တစ်ခါတစ်ရံမှာတော့ ဟီရဂနစာလုံး "ယု" ကို ငယ်ရွယ်တဲ့ကလေးတွေကို နားလည်လွယ်စေဖို့အတွက်
အသုံးပြုလေ့ရှိပါတယ်။

The presence of an onsen is often indicated on signs and maps by the symbol ♨ or the kanji, 湯 (yu, meaning "hot water"). Sometimes the simpler hiragana character ゆ (yu) is used, to be understandable to younger children.

ဂျပန်နိုင်ငံကအွန်းစမ်းတွေဟာ အနာရောဂါပျောက်ကင်းစေတဲ့အစွမ်းရှိတယ်လို့ ယုံကြည်ကြပါတယ်။
ဂျပန်လူမျိုးများယုံကြည်ထားတာကတော့ အွန်းစမ်းထဲမှာကောင်းစွာ ဝင်ရောက်ရေဝင်စိမ်နေကြရင်
ကိုက်ခဲမှု၊ နာကျင်မှု နဲ့ ရောဂါတွေကိုပျောက်ကင်းသွားပါတယ်။ Arthralgia, အရေပြားရောဂါ၊ ဆီးချို ၊
ဝမ်းချုပ်ခြင်း၊ အမျိုးသမီးများမီးယပ်မမှန်ခြင်း အစရှိတဲ့ရောဂါတွေကိုပျောက်စေဖို့အတွက် အွန်းစမ်းကို
လာရောက်ကြပါတယ်။

In Japan, it is said onsen have various medical effects. Japanese people believe that a good soak in proper onsen heals aches, pains and diseases, and visit onsen to treat the illnesses, such as arthralgia, chronic skin diseases, diabetes, constipation, menstrual disorders and so on.

ထိုကဲ့သို့သော အွန်းစမ်းမှပေးသည့် ဆေးဘက်ဝင်သည့် အစွမ်းအာနိသင်ကို Balneotherapy လို့
ခေါ်တွင်ပါတယ်။ အွန်းစမ်းကုထုံးလို့လဲ ခေါ်တွင်ပါတယ်။ အွန်းစမ်းကုထုံးဆိုသည်မှာ အများနှင့်စုပေါင်း
ရေချိုးပြီး ကျန်းမာရေးထိမ်းသိမ်းဖို့၊ မကောင်းတဲ့အရာတွေကို ပုံမှန်ဖြစ်စေဖို့နဲ့ ဖျားနာခြင်းတွေကို တားဆီး
ကာကွယ်ဖို့ဖြစ်ပါတယ်။

These medical benefits have given onsen a central role in balneotherapy which is called "Onsen Therapy" (温泉療法 onsen-ryōhō). Onsen Therapy is a comprehensive bathing treatment conducted to maintain health, normalize dysfunctions and prevent illness.

မီးတောင်ပေါများတဲ့အတွက် ဂျပန်နိုင်ငံဟာ ရေပူစမ်းမြောက်များစွာရှိပါတယ်။
အွန်းစမ်းတစ်ခုတည်းမှာတောင် ဓါတ်သတ္တုပမာဏအမျိုးမျိုးရှိတဲ့ ရေချိုးကန်အမျိုးမျိုးရှိပါတယ်။ 
အွန်းစမ်းမှာ ထင်ရှားတဲ့ ဓါတ်သတ္တု ပစ္စည်းတွေပါဝင်တယ်ဆိုရင်၊ အဲဒီအွန်းစမ်းကို ဘယ်လိုအမျိုးအစား
အွန်းစမ်းကို တည်ထောင်တယ်ဆိုပြီး ဖော်ပြလေ့ရှိပါတယ်။ ဥပမာအားဖြင့်ပြောပြရရင်တော့
- ဆာလဖာ အွန်းစမ်း
- ဆိုဒီယမ် ကလိုရိုဒ် အွန်းစမ်း
- ဟိုက်ဒြိုဂျင် ကာဘွန်နိတ် အွန်းစမ်း
- သံဓါတ်ပါတဲ့ အွန်းစမ်း

The volcanic nature of Japan provides plenty of springs. A particular onsen may feature several different baths, each with water with a different mineral composition. When the onsen's water contains distinctive minerals or chemicals, the onsen establishments display what type of onsen it is.
Some examples of types of onsen include:
  • Sulphur onsen (硫黄泉 iō-sen)
  • Sodium chloride onsen (ナトリウム泉 natoriumu-sen)
  • Hydrogen carbonate onsen (炭酸泉 tansan-sen)
  • Iron onsen (鉄泉 tetsu-sen)
ဂျပန်ရိုးရာအရ အွန်းစမ်းမှာ ယောင်္ကျားနဲ့ မိန်းမ အတူတူရောပြီးရေစိမ်ချိုးကြပါတယ်။
မေဂျီခေတ်ပြောင်းတော်လှန်ရေးအတွင်း အနောက်နိုင်ငံတွေနဲ့ ဆက်ဆံမှုကိုဖွင့်လိုက်တဲ့အခါမှာတော့
ယောင်္ကျားနဲ့ မိန်းမ ခွဲခြားမှုပြုလုပ်ဖို့ဖြစ်လာခဲ့ပါတယ်။

Traditionally, men and women bathed together at the onsen  but gender separation has been enforced since the opening of Japan to the West during the Meiji Restoration.

ဂျပန်နိုင်ငံရဲ့ကျေးလက်ဒေသမှာရှိတဲ့ အထူးအွန်းစမ်းတွေမှာတော့ယောင်္ကျား၊ မိန်းမအတူရေစိမ်ချိုးခြင်းကို
ဆက်လက်ပြုလုပ်ကြပါတယ်။ အမျိုးသမီးသီးသန့်ရေချိုးရန်နဲ့ အတူရေချိုးချိန်ဆိုပြီးစီစဉ်ထားပါတယ်။

Mixed bathing (混浴 konyoku) persists at some special onsen in rural areas of Japan, which usually also provide the option of separate "women-only" baths or different hours for the two sexes.

အမျိုးသားများဟာ သူတို့ရဲ့လိင်အင်္ဂါကို ချွေးသုတ်ပုဝါလေးနဲ့ကာထားပြီး၊ အမျိုးသမီးတွေကတော့
သူတို့တစ်ကိုယ်လုံးကို သဘက်စောင်ကြီးတစ်ထည်နဲ့ ရစ်ပတ်ထားလေ့ရှိပါတယ်။ ကလေးတွေလည်း
အမျိုးသားရော၊ အမျိုးသမီးရေချိုးခန်းတွေမှာတွေ့နိုင်ပါတယ်။ ဂျပန်နိုင်ငံရဲ့အချို့ဒေသများနဲ့ တိုကျိုမြို့မှာတော့
အမျိုးသား၊ အမျိုးသမီးအတူရေချိုးခြင်းကို တားဆီးထားပါတယ်။

Men usually cover their genitals with a small towel while bathing, while women usually wrap
 their bodies in full size towels. Children of either sex may be seen in both the men's and
 the women's baths.In some prefectures of Japan, including Tokyo, where nude mixed
 bathing is banned.

အသေးစိပ်သိလိုပါက အွန်းစမ်း တွင်ဆက်လက်ဖတ်ရှုပါ။
အွန်းစမ်းအကြောင်းကိုဆက်လက်ဖော်ပြပေးပါမည်။

ရေးသားသူ - ဆက်ပိုင်

0 comments:

Post a Comment

အချင်းချင်းအားပေး၍ လက်တွဲဆောင်ရွက်ပြီးအောင်မြင်မှုရအောင်ကြိုးစားကြပါစို့။
(ပိုမိုကောင်းမွန်အောင်ဆောင်ရွက်လိုပါသဖြင့် Comment ရေးသားပြီး ပူးပေါင်းကူညီပေးပါ။)
သင့်နှင့်တကွ အားလုံးအတွက် ကျွန်ုပ်ဘလော့ရေးနေခြင်းဖြစ်သည်။
သင့်ဆန္ဒကို Comment ရေးပြီးဖော်ပြနိုင်ပါသည်။
တိုက်ရိုက်ဆက်သွယ်လိုပါက Email ပို့ပေးပါ။ (setpaing@gmail.com)

Related Posts Plugin for WordPress, Blogger...

 
back to top