တည်နေရာ - ခနဂဝ ခရိုင်၊ ဟခိုနဲဒေသ
ထူးခြားချက် -
ရိုးရိုးကြက်ဥကို သဘာဝရေပူကန်ထဲတွင်ထည့်ပြုတ်လိုက်ပါက အမဲရောင်ကြက်ဥပြုတ်ဖြစ်သွားခြင်း၊
ထိုကြက်ဥကိုစားပါက အသက်ရှည်သည်ဟုယုံကြည်ကြခြင်း။
ဂျပန်နိုင်ငံ၊ ခနဂဝခရိုင်ရှိ ဟခိုနဲဒေသတွင် ရှိသော အိုးဝခုဒနိ (ကြီးကျယ်မြင့်မြတ်သော ရေပူစမ်း
တောင်ကြား)ဟုခေါ်တွင်သည့် မီးတောင်များပေါများသည် တောင်ကြားဒေသတွင် ဆာလဖာဓါတ်
ပေါများသော ရေပူစမ်းတည်ရှိပါသည်။
အိုး = ကြီးကျယ်သော
ဝခု = ဆူပွက်သည်
ဒနိ = တောင်ကြား
Ōwakudani (大涌谷 lit. "Great Boiling Valley") is a volcanic valley with active sulphur vents and hot springs in Hakone, Kanagawa Prefecture, Japan.
ထိုနေရာ၏ လှပသောရှုခင်း၊ မီးတောင်တို့တည်ရှိခြင်းနှင့် အထူးသဖြင့် ခုရိုး တမငေါ့ ဟုခေါ်သည့် အမဲရောင် ကြက်ဥပြုတ်တို့ကြောင့် နာမည်ကျော်ကြားပါသည်။ အမဲရောင်ကြက်ဥပြုတ်ဆိုသည်မှာ
ဒေသခံတို့နည်းလမ်းအရ ရေပူစမ်းအတွင်း မာကျောအောင်ပြုတ်ထားသောကြက်ဥဖြစ်ပါသည်။
ခုရိုး = မဲသော
တမငေါ့ = ကြက်ဥ
It is a popular tourist site for its scenic views, volcanic activity, and especially, Kuro-tamago (黒卵 lit. "black egg") — a local specialty of eggs hard-boiled in the hot springs.
ထိုတောင်ကြားကို ဒေသခံများသည် ယခင်က သေမင်းတောင်ကြားဟုခေါ်တွင်ကြပါသည်။
လွန်ခဲ့သောနှစ်ပေါင်း ၃၀၀၀ခန့်က ဟခိုနဲမီးတောင်သည် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး မီးတောင်ထိပ်ဝတွင်
ရေပူစမ်းဖြစ်ပေါ်ခဲ့ပါသည်။ ကြက်ဥရောင်းချနေသောပျံကျဈေးသည်များ ဈေးရောင်းရာနေရာတလျောက်
တွင် လှုပ်ရှားနေသော ဆာလဖာရေပူစမ်းများရှိသဖြင့် အန္တရာယ်ရှိပါသည်။ ထိုဒေသသည် မြေအနေအထားသည် မီးတောင်၏လှုပ်ရှားမှုများကြောင့် ကုန်းပုံစံဖြစ်နေပါသည်။
အန္တရာယ်ဖြစ်နိုင်သောအခြေအနေတွင် ကြက်ဥပြုတ်နိုင်သောရေပူစမ်းများသို့ သွားရာလမ်းများကို
ပိတ်ထားတတ်ပါသည်။
The valley is sometimes referred to as "The Death Valley" by locals. Some 3000 years ago Mount Hakone erupted leaving the hot spring filled crater. All along the path to the egg vendor are active sulfuric geysers, which can be hazardous at times. The area is prone to landslides due to the constant volcanic activity. In potentially unsafe conditions, the walkways to the egg boiling springs may be closed.
ရိုးရိုးကြက်ဥများကို ကြက်ဥပြုတ်ရာရေပူစမ်းအတွင်းထည့်လိုက်သောအခါ ထိုကြက်ဥသည်
ရေပူစမ်းအတွင်းရှိ ဆာလဖာနှင့် အခြားသောဓါတုပစ္စည်းများနှင့် ဓါတ်ပြုကာ ကြက်ဥအခွံတို့သည်
အမဲရောင်ပြောင်းလဲသွားပါသည်။ ထိုကြက်ဥများကို အိတ်တစ်အိတ်တွင် ၅လုံးစီထည့်ပြီး
ယန်း ၅၀၀ ဖြင့်ရောင်းချပါသည်။ (နှစ်ယောက်စားရန်အတွက်ဖြစ်သည်။)
Regular eggs are boiled in the springs at Tamago-Jaya, and a reaction with the sulfur and other chemicals turns the egg shells an ominous black. They are sold in sets of 5 eggs for 500 in a souvenir paper bag.
ကြက်ဥများကိုပြုတ်ပြီးသောအခါ အရောင်မှာအမဲရောင်ပြောင်းသွားပြီး အနံ့မှာဆာလဖာနံ့အနည်းငယ်
ဖြစ်လာပါသည်။စိတ်ဝင်စားစရာကောင်းသည်မှာ ဟခိုနဲ အမဲရောင်ကြက်ဥပြုတ်သည် အမြဲတမ်း
အမဲရောင်ဖြစ်မနေပါ။နှစ်ရက်ခန့်ကြာသောအခါ ကြက်ဥခွံသည် အဝါရောင်အဖြစ်ပြောင်းလဲသွားပါသည်။
အတွင်းပိုင်းမှာမူ သာမာန်ကြက်ဥအတိုင်းသာဖြစ်ပါသည်။
ထိုကြက်ဥပြုတ်ကိုစားပါက အသက်ရှည်သည်ဟု ပြောဆိုကြပါသည်။
After cooking the eggs in this boiling hot water, the boiled eggs turn black and smell slightly sulphuric; interestingly, the Hakone Kuro Tamago don’t stay black forever. After a couple of days, the shell turns yellow. The inside looks just like a regular hard-boiled egg. consuming the eggs is said to increase longevity.
ကြက်ဥပြုတ်ရောင်းချသောဆိုင်အနီးရှိဆိုင်းဘုတ်တွင်ရေးသားထားသည်မှာ-
ကြက်ဥတစ်လုံးစားပါက အသက်(၇)နှစ်ပိုရှည်ပါမည်။
ကြက်ဥနှစ်လုံးစားပါက အသက် (၁၄)နှစ်ပိုရှည်ပါမည်။
According to the sign near where they sell these eggs:
If you eat one egg, you will increase your longevity by 7 years.အထူးသတိပြုစရာတစ်ခုမှာ သတ်မှတ်ချက်ထက်ပိုမိုစားသုံးခြင်းကိုခွင့်မပြုပါ။
If you eat two egg, you will increase your longevity by 14 years.
သင်သတိပြုရပါမည်မှာ အမဲရောင် ကြက်ဥပြုတ်၂လုံးခွဲအထိသာအများဆုံးစားသုံးရန်အချက်ဖြစ်သည်။
ကြက်ဥပြုတ်တစ်လုံးသည် အသက်(၇)နှစ်ပိုရှည်စေသော်လည်း၊
ကြက်ဥပြုတ် ၃သုံးအထိစားသုံးမိပါက ကံဆိုးမှုများကိုတွေ့ကြုံစေပါမည်။
But don't over-indulge, and be sure to limit yourself to only two and a half eggs.
Each egg adds seven years to your life, but eating up to three is considered bad luck.
ရေပူစမ်းတို့တည်ရှိရာ မီးတောင်ဒေသတောင်ကြားရှိ ဆာလဖာအနံ့တို့က သင့်အတွက်အစပိုင်းတွင်
အနံ့ဆိုးအဖြစ်ဝင်ရောက်လာမည်ဖြစ်သောကြောင့် သင့်နှာခေါင်းကိုတစ်ခုခုဖြင့် ဖုံးအုပ်ထားရန်လိုပါမည်။
(ဆာလဖာအနံ့သည် ပုတ်အဲ့အဲ့အနံ့ရှိပါသည်။ ကျင့်သားမရသေးသောလူများအဖို့အန်ချင်စိတ်ပင်ဖြစ်လာ
တတ်ပါသည်။) ထိုအရသာရှိသောအမဲရောင်ကြက်ဥပြုတ်ကို စားသုံးကြည့်မည်ဆိုပါက ထိုဆာလဖာအနံ့ကို
ခံနိုင်ရည်ရှိရန်လိုအပ်ပါသည်။
The smell of sulphur from the valley's volcanic activity will cause you to cover your nose at first, but be sure to brave the smell to taste their delicious kuro-tamago (black eggs).
ပိုမိုသိရှိလိုသူများအတွက်...
သက်ရှည် အမဲရောင်ကြက်ဥပြုတ်ဝယ်ရန်နေရာ(Tamago Chaya)
အမဲရောင် ကြက်ဥပြုတ်ရောင်းချရန်ပြုလုပ်ပုံ(Process of Kuro Tamago)
အမဲရောင် ကြက်ဥပြုတ်ရဲ့လျို့ဝှက်ချက် (Secret behind Kuro Tamago)
ရေးသားသူ - ဆက်ပိုင်
0 comments:
Post a Comment
အချင်းချင်းအားပေး၍ လက်တွဲဆောင်ရွက်ပြီးအောင်မြင်မှုရအောင်ကြိုးစားကြပါစို့။
(ပိုမိုကောင်းမွန်အောင်ဆောင်ရွက်လိုပါသဖြင့် Comment ရေးသားပြီး ပူးပေါင်းကူညီပေးပါ။)
သင့်နှင့်တကွ အားလုံးအတွက် ကျွန်ုပ်ဘလော့ရေးနေခြင်းဖြစ်သည်။
သင့်ဆန္ဒကို Comment ရေးပြီးဖော်ပြနိုင်ပါသည်။
တိုက်ရိုက်ဆက်သွယ်လိုပါက Email ပို့ပေးပါ။ (setpaing@gmail.com)