ဂျပန်စာရိုက်ရန် ကီးဘုတ်ထည့်နည်း (Keyboard)

ဂျပန်စာသင်ယူနေသော ကျောင်းသားများမိမိကွန်ပြူ တာတွင်ဂျပန်ဖောင့်ကိုကောင်းမွန်စွာ အသုံးပြုနိုင်ရန် အတွက်ရည်ရွယ်ပြီး ဂျပန်ဖောင့်ထည့်သွင်းနည်းကို ဖော်ပြပေးလိုက်ပါတယ်။ လွယ်ကူတယ်ဆိုပေမယ့်
မသိသေးတဲ့သူတွေအတွက်တော့ အလွန်အသုံးဝင်ပါလိမ့်မယ်။

ပထမဆုံး မိမိကွန်ပြူတာရဲ့ Language Bar ကိုကြည့်ပါ။ များသောအားဖြင့် ကွန်ပြူတာရဲ့ညာဘက်အောက်
နားလောက်မှာရှိတတ်ပါတယ်။ တချို့တွေကတော့ ကွန်ပြူတာရဲ့အပေါ်နားလောက်ကို ထုတ်ထားတတ်တဲ့
သူတွေလည်းရှိတတ်ပါတယ်။ အပေါ်ပုံကိုကြည့်လိုက်ပါက သဘောပေါက်သွားမည်ဖြစ်ပါတယ်။
(ကျွန်တော့်ကွန်ပြူတာမှာတော့ ညာဘက်အောက်နားမှာရှိပါတယ်။)

ကဲ....ဂျပန်ကီးဘုတ်မရှိသေးတဲ့သူတွေအတွက် ကီးဘုတ်ထည့်နည်းကိုစတင်ပါမယ်။


ကီးဘုတ်ပုံလေးကို Right Click နှိပ်လိုက်ပါ။ ပြီးရင် Settings ကိုထပ်နှိပ်ပါ။
(အောက်ပုံအတိုင်းပေါ်လာမည်။)

ကီးဘုတ်ထပ်ထည့်မည်ဖြစ်သောကြောင့် Add ကို နှိပ်ပါ။
(အောက်ပုံအတိုင်း တွေ့ရမည်။)

ဘားတန်းလေးကိုအောက်သို့ဆွဲချ ပြီး မိမိထည့်လိုသည့် ဘာသာစကားကိုရှာပါ။
ယခု သင်သည် Japanese ကီးဘုတ်ထည့်လိုသောကြောင့် Japanese (Japan) ကိုရှာပါ။
Japanese ရှေ့နားရှိ (+) လေးကို ကလစ်လိုက်ပါ။
Keyboard ရှေ့ရှိ (+) ကိုထပ်ပြီး ကလစ်ပါ။
ပြီးရင် Japanese နဲ့ Microsoft IME တို့ရှေ့ရှိ Check box ကို အမှန်ခြစ်ပေးပါ။
ထို့နောက် OK ကိုနှိပ်လိုက်ပါ။
(အောက်ပုံသို့.......)


Apply ကို ကလစ်ပါ။ ပြီးရင် Ok ကိုကလစ်လိုက်ပါ။
မူလက ကီးဘုတ်ပုံလေးနားတွင် EN စာတန်းလေးထပ်မံပေါ်နေသည်ကိုတွေ့ရမည်။
ထို EN စာသားကို ကလစ်ပြီး JP - Japanese (Japan) ကိုရွေးပေးပါ။
(အောက်ပုံသို့......)

Keyboard bar တန်းတွင် EN အစား JP သို့ပြောင်းလဲသွားမည်။ 
သို့သော် စာရိုက်ပါက အင်္ဂလိပ်စာလုံးများသာဖြစ်နေပေမည်။ 
JP စာလုံး၏ ညာဘက်တွင် A စာလုံးလေးပေါ်နေသောကြောင့်ဖြစ်သည်။
ထို A စာလုံးလေးကို ထပ်မံပြောင်းပေးရဦးမည်။ 
(အောက်ပုံသို့....)

ထို A စာလုံးလေးကို ကလစ်လိုက်ပါ။
အပေါ်ဆုံးရှိ Hiragana ကိုရွေးပေးပါ။
(အောက်ပုံသို့....)

အဆိုပါ A စာလုံးလေးသည် ဂျပန်စာလုံး【あ】အဖြစ်ပြောင်းလဲသွားပေမည်။
Language Bar တွင် မူလက EN (English) ကီးဘုတ်မှ JP (Japan) ကီးဘုတ်သို့ပြောင်းသွားပါပြီ။
သင်စိတ်ကြိုက် ဂျပန်စာလုံးကိုရိုက်ရန်အသင့်ဖြစ်နေပါပြီ။

နောက်ဆက်တွဲ...

ဂျပန်စာလုံးများကိုရိုက်ရာတွင် Romaji ဖြင့်ရိုက်ရပါသည်။
ဥပမာ....
a ဟုရိုက်လိုက်ပါက あ ပေါ်လာမည်ဖြစ်သည်။
ka ဟုရိုက်လိုက်ပါက か
sa ဟုရိုက်လိုက်ပါက さ
ta ဟုရိုက်လိုက်ပါက た
na ဟုရိုက်လိုက်ပါက な ဟုပေါ်လာပါမည်။

မှတ်ချက်။ ။ Space Bar  ကိုပုတ်လိုက်ပါ သက်ဆိုင်သော ခန်းဂျိစာလုံးများပေါ်လာတတ်သည်။
မိမိအလိုရှိသောစာလုံးရပါက အတည်ပြုသည့်အနေဖြင့် Enter ခေါက်ပေးရသည်။

Hiragana စာလုံးများကို Katakana စာလုံးများအဖြစ်ပြောင်းလိုပါ F7 ကိုနှိပ်ပေးပါ။
Katakana စာလုံးမှ Hiragana စာလုံးသို့ပြောင်းလိုပါက  F6 ကိုနှိပ်ပါ။
ခန်းဂျိစာလုံးလိုချင်ပါ Space Bar ကိုပုတ်ပေးပါ။ ပြီးရင် Enter ခေါက်ပါ။

တစ်ခါတစ်ရံတွင် JP ကီးဘုတ်ပြောင်းပြီးသော်လည်း ဂျပန်စာလုံးရိုက်မရဖြစ်နေတတ်ပါသည်။
Microsoft IME မဖြစ်သေးဘဲ ရိုးရိုး Japanese ကီးဘုတ်ဖြစ်နေသောကြောင့်ဖြစ်သည်။
ထိုအခါမျိုးတွင် ကီးဘုတ်ပုံလေးကို ကလစ်လိုက်ပြီး အနီရောင်အလုံးလေးပါသော Microsoft IME
ကီးဘုတ်ကို ရွေးချယ်ပေးလိုက်ပါ။
(အနီရောင်အလုံးလေးပါသော ကီးဘုတ်ကိုရွေးပြီးပါက ထပ်မံပြောင်းစရာမလိုတော့ပါ။)

စိတ်တိုင်းကျ ဂျပန်စာလုံးများကို ရိုက်နိုင်ပါပြီ။ မသိတာရှိပါက မေးမြန်းနိုင်ပါသည်။

အားလုံးအဆင်ပြေမယ်ထင်ပါတယ်။
ရေးသားသူ - ဆက်ပိုင်

5 comments:

  1. ありがとうございます。

    ReplyDelete
    Replies
    1. こちらこそ有り難うございました。これからも宜しくお願いいたします。

      Delete
  2. အရမ်းအသုံးဝင်​ပါတယ်​​ကျေးဇူးပါ

    ReplyDelete
  3. Sen Sei doo moo a ri ga too go zai ma shi ta .
    Very useful for me. :)

    ReplyDelete
  4. သမီးကွန်ပျူ တာမှာမရှိဘူးဆရာ ကျေးဇူးတင်ပါတယ်ရှင့်

    ReplyDelete

အချင်းချင်းအားပေး၍ လက်တွဲဆောင်ရွက်ပြီးအောင်မြင်မှုရအောင်ကြိုးစားကြပါစို့။
(ပိုမိုကောင်းမွန်အောင်ဆောင်ရွက်လိုပါသဖြင့် Comment ရေးသားပြီး ပူးပေါင်းကူညီပေးပါ။)
သင့်နှင့်တကွ အားလုံးအတွက် ကျွန်ုပ်ဘလော့ရေးနေခြင်းဖြစ်သည်။
သင့်ဆန္ဒကို Comment ရေးပြီးဖော်ပြနိုင်ပါသည်။
တိုက်ရိုက်ဆက်သွယ်လိုပါက Email ပို့ပေးပါ။ (setpaing@gmail.com)

Related Posts Plugin for WordPress, Blogger...

 
back to top