ဧရိယာ..... ၈၄၅ စတုရန်းမိုင် (၂၁၈၈ စတုရန်း ကီလိုမီတာ)
လူဦးရေ.... ၁၃.၃၅ သန်း (၂၀၁၄ မေလ ၁ရက်နေ့စစ်တမ်းအရ)
မြို့တော် တိုကျို သည် ဂျပန်နိုင်ငံ၏ မြို့တော်ဖြစ်ပါသည်။
ဂျပန်နိုင်ငံရှိ ခရိုင် ၄၇ ခုထဲမှ တစ်ခုဖြစ်ပါသည်။
တရားဝင်ခေါ်ဆိုသောအမည်မှာ တိုကျို မက်ထရိုပိုလစ်ဖြစ်ပါသည်။
Tokyo, officially Tokyo Metropolis, is one of the 47 prefectures of Japan.
Tokyo is the capital of Japan.
တိုကျို မြို့ သမိုင်း
တိုခုဂဝ အိအဲယဆု
အဲဒိုရွာလေးသည် ၁၂ရာစုနောက်ပိုင်းတွင် မူလအဲဒိုလူမျိုးစုတို့နေထိုင်ရာဒေသဖြစ်ခဲ့ပါသည်။
၁၄၅၇ ခုနှစ်တွင် အဲဒိုရဲတိုက်ကို အိုးတ ဒိုးခန်ဆိုသူက တည်ဆောက်ခဲ့ပါသည်။
၁၅၉၀ ခုနှစ်တွင် တိုခုဂဝ အိအဲယဆု ဆိုသူသည် ၁၆၀၃ခုနှစ်တွင် စစ်ဘုရင်ဖြစ်လာပြီး မိမိ၏
နန်းစိုက်ရာဒေသအဖြစ် အဲဒိုဒေသကို ရွေးချယ်ခဲ့လေသည်။ ထို့နောက် အဲဒိုဒေသသည်
စစ်အုပ်ချုပ်ရေးအစိုးရ၏ ဗဟိုဌာနဖြစ်လာခဲ့လေသည်။
Tokyo was originally a small fishing village named Edo, in what was formerly
part of the old Musashi Province. Edo was first fortified by the Edo clan,
in the late twelfth century. In 1457, Ōta Dōkan built Edo Castle. In 1590,
Tokugawa Ieyasu made Edo his base and when he became shogun in 1603,
the town became the center of his nationwide military government.
အဲဒိုဒေသလေးသည် ၁၈ရာစုရောက်သောအခါ လူဦးရေတစ်သန်းခန့်ရှိလာပြီး ကမ္ဘာ့လူဦးရေ
အများဆုံးသောမြို့ထဲမှ တစ်မြို့ဖြစ်လာကာ အမည်ကိုတိုကျိုဟုပြောင်းလဲလာခဲ့လေသည်။
ဂျပန်ဧကရာဇ်သည် နန်းတော်ကို ကျို တိုတွင်စံမြန်းနေသော်လည်း အဲဒိုမှပြောင်းလဲလာသော
တိုကျို မြို့သည် ဂျပန်နိုင်ငံ၏ မြို့တော်ဖြစ်လာခဲ့လေသည်။
Edo grew into one of the largest cities in the world with a population topping one million by the 18th century. Tokyo became the capital of Japan even while the emperor lived in Kyoto, the imperial capital.
ထို့်နောက်နှစ်ပေါင်း ၂၆၃နှစ်ကြာသောအခါ စစ်သူရဲကောင်းအုပ်ချုပ်ရေးစနစ်ပြီးဆုံးသွားခဲ့ပါသည်။
After about 263 years, the shogunate was overthrown under the banner of restoring imperial rule.
တိုကျို အုပ်ချုပ်ရေးရုံး ၄၅ ထပ်အဆောက်အဦး
၁၈၆၉ခုနှစ်တွင် အသက် ၁၇နှစ်သာရှိသေးသော ဧကရာဇ် မေဂျီသည် မြို့တော်ကို ကျို တိုမှ
တိုကျို သို့ပြောင်းရွေ့စံမြန်းခဲ့ပါသည်။
မူလ စစ်သူရဲကောင်းတို့ စံပျော်ရာ အဲဒိုရဲတိုက်ကြီးကို ဘုရင့်နန်းတော်အဖြစ်ပြောင်းလဲခဲ့လေသည်။
ဤသို့ဖြင့် မြို့တော်တိုကျို ကိုတည်ဆောက်ခဲ့ပါသည်။
In 1869, the 17-year-old Emperor Meiji moved to Edo.
The former Edo Castle becoming the Imperial Palace.
The city of Tokyo was established.
အသေးစိတ်ဖတ်ရှုလိုပါက မြို့တော် တိုကျို တွင်ဆက်လက်ဖတ်ရှုစေလိုပါသည်။
ရေးသားသူ....ဆက်ပိုင်