အမည်..... ဖူဂျီတောင်
အမြင့်......၃၇၇၆.၂၄ မီတာ
တည်နေရာ....ဟွန်းရှုးကျွန်း
အမျိုးအစား....မီးငြိမ်းတောင်
နောက်ဆုံးမီးတောင်လှုပ်ခြင်း.....၁၇၀၇ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့
တိုကျို မြို့ အနောက်တောင်ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာတွင်ရှိသည်။
ရာသီဥတုကြည်လင်သောနေ့တွင် ဖူဂျီတောင်ကိုအဝေးမှလှမ်းမြင်နိုင်ပါသည်။
Mount Fuji, located on Honshu Island, is the highest mountain in Japan at 3,776.24 m. An active stratovolcano that last erupted in 1707–08, Mount Fuji lies about 100 kilometres south-west of Tokyo, and can be seen from there on a clear day.
ဆက်စပ်လျက်ရှိသောခရိုင်(၂)ခု
ဖူဂျီတောင်သည် ရှီဇူအိုကာခရိုင်နှင့် ယာမနရှိခရိုင်တို့နှင့် နယ်နိမိတ်ချင်းဆက်စပ်နေပါသည်။
ဝန်းရံနေသောမြို့သုံးမြို့ နှင့် ရေကန်ငါးကန်
အရှေ့ဘက်တွင် Gotenba မြို့၊
မြောက်ဘက်တွင် Fujiyoshida မြို့၊
အနောက်တောင်ဘက်တွင် Fujinomiya မြို့စသော မြို့ငယ်သုံးမြို့တို့ဖြင့် ဝန်းရံနေပါသည်။
Kawaguchi ရေကန်၊Yamanaka ရေကန်၊ Sai ရေကန်၊ Motosu ရေကန်နှင့် Shoji ရေကန်စသော
ကန်ငါးကန်တို့ဖြင့်ဝန်းရံနေပါသည်။
It straddles the boundary of Shizuoka and Yamanashi prefectures.
Three small cities surround it: Gotemba to the east, Fujiyoshida to the north,
and Fujinomiya to the southwest.
It is also surrounded by five lakes: Lake Kawaguchi, Lake Yamanaka,
Lake Sai, Lake Motosu and Lake Shoji.
ဖူဂျီတောင်သည် ဖူဂျီ - ဟခိုနဲ - အိဇု အမျိုးသားပန်းခြံ၏အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။
အဝေးဆုံးနေရာအဖြစ် တိုကျို ၊ ယိုကိုဟားမား စသောနေရာမှပင် မြင်တွေ့နိုင်ပါသည်။
ရာသီဥတုကြည်လင်သာယာပါက ချိ ဘ၊ စိုင်တမ၊ တိုချိ ဂိနှင့် ဟမနရေကန်မှပင်မြင်တွေ့နိုင်ပါသည်။
ဆောင်းရာသီရောက်ပါက အုဆုနိုမိယဘူတာမှ ကျ ည်ဆန်ရထားစီးရင်းဖူဂျီတောင်ကိုတွေ့နိုင်ပါသည်။
The mountain is part of the Fuji-Hakone-Izu National Park. It can be seen more distantly from Yokohama, Tokyo, and sometimes as far as Chiba, Saitama, Tochigi and Lake Hamana when the sky is clear. Particularly in the winter it can be seen from the Shinkansen until it reaches Utsunomiya station.
ဖူဂျီတောင်သို့ တောင်တက်ရန်အကောင်းဆုံးကာလမှာ ဇူလိုင်လမှ သြဂုတ်လအထိဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော လမ်းခရီးတွင်နားနေရန်ယာယီတဲများနှင့် အခြားသောဝန်ဆောင်မှုများ
အစရှိသည်တို့ကို လုပ်ဆောင်ပေးသောကြောင့်ဖြစ်ပါသည်။
သို့သော်အောက်တိုဘာလမှ မေလအတွင်း တောင်တက်ခရီးပြုလုပ်ခြင်းမှာမူ
အအေးဓါတ်လွန်ကဲပြီး သေဆုံးမှုများပြားလှသဖြင့် အထူးကြမ်းတမ်းသောကာလဖြစ်ပါသည်။
ဂျပန်လူမျိုးများသည်မနက်နေထွက်ချိန်တွင်တောင်ထိပ်သို့မဟုတ် တောင်ထိပ်အနီးနေရာသို့
ရောက်ရှိစေရန်အတွက် ညအချိန်တွင်တောင်တက်ခြင်းကိုစတင်လေ့ရှိပါသည်။
မနက်ပိုင်းတွင်ထွက်သောနေ၏အလင်းရောင်ကို Goraikou ဟုခေါ်ဆိုကြပြီး အလင်းရောင်သို့ရောက်ရှိခြင်းဟုအဓိပါယ်ရပါသည်။ ထိုအလင်းရောင်ကို ကြည့်ရှုလိုသောကြောင့်
မနက်နေထွက်ချိန်တွင် တောင်ပေါ်သို့ရောက်စေရန် အထူးကြိုးစားကြခြင်းဖြစ်ပါသည်။
The most-popular period for people to hike up Mount Fuji is from July to August, while huts and other facilities are operating. Climbing from October to May is very strongly discouraged, after a number of high-profile deaths and severe cold weather. Most Japanese climb the mountain at night in order to be in a position at or near the summit when the sun rises. The morning light is called 御来光 goraikō, "arrival of light".
တစ်နှစ်လျှင် တောင်တက်သူပေါင်း ၃၀၀၀၀၀ ခန့်တက်ရောက်လေ့ရှိပါသည်။
ဖူဂျီတောင်ကို နှစ်သစ်တွင်အိမ်မက်မက်ပါက ထိုနှစ်တွင် အထူးအောင်မြင်သောနှစ်ဖြစ်မည်ဟု
ဂျပန်လူမျိုး တို့ကယုံကြည်ကြပါသည်။ ဖူဂျီတောင်ကိုအဝေးမှကြည့်၍ ကောင်းစွာမမြင်ရသောနေ့တွင်
ဖူဂျီတောင်သည် ရှက်စနိုးသောကြောင့် သေသေချာချာမမြင်ရပါဟု ဂျပန်လူမျိုး တို့ကတင်စားကာ
ပြောလေ့ရှိပါသည်။
အသေးစိပ်ဖတ်ရှုလိုပါက ဖူဂျီတောင် တွင်ဖတ်ရှုနိုင်ပါသည်။
ရေးသားသူ - ဆက်ပိုင်