တည်နေရာ - 1-1-2 Oshiage, Sumida-ku, Tokyo
အချိန် - ၈ နာရီမှ ၂၂ နာရီအထိ (ကြည့်ရှုရာစင်မြင့်နေရာတွင်)
အမြင့် - ၆၃၄ မီတာ (၂၀၈၀ ပေ)
စတင်တည်ဆောက်ခြင်း - ၂၀၀၈ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့
တည်ဆောက်ပြီးစီးခြင်း - ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့
ဖွင့်လှစ်သည့်နေ့ - ၂၀၁၂ ခုနှစ် မေလ ၂၂ ရက်
ဗိသုကာနည်းပညာ - Nikken Sekkei
တည်ဆောက်မှု - Tobu Railway
ပိုင်ရှင် - Tobu Tower Skytree Co.,Ltd.
စိတ်ဝင်စားဖွယ်အမြင့်ပေ
အမြင့်ပေ ၆၃၄မီတာ (၂၀၈၀ ပေ) ကိုရွေးချယ်တည်ဆောက်ခဲ့ရခြင်းမှာ
၆ သည် ဂျပန်အသံ "မု"
၃ သည် ဂျပန်အသံ "စ"
၎ သည် ဂျပန်အသံ "ရှိ"
၆၃၄ သည် ဂျပန်အသံ "မု-စ-ရှိ" ဖြစ်လေသည်။
"မုစရှိ" ဆိုသည်မှာ လက်ရှိ Tokyo Skytree ရှိရာအရပ်ဒေသကို
ရှေးယခင်ကခေါ်ဆိုသောအမည်ဖြစ်သည်။
မီးအလှဆင်ခြင်း
ပုံစံချသည့်နေ့ - ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့
မီးအလှဆင်ပုံစံ - ၂ မျိုး
၁။ Iki (chic, stylish) sky blue (မိုးပြာရောင်)
၂။ Miyabi ( elegance, refinement) purple (မရမ်းရောင်)
LED မီးလုံးများဖြင့် မီးအလှဆင်သည်။
အဓိကေနရာမ် ား
အမြင့်ပေ ၃၅၀ တွင် Tembo Deck ဟုခေါ်သောနေရာ
ဆန်းကြယ်သော ဒီဇိုင်းပုံစံတည်ဆောက်မှုနှင့်အတူ Kanto ဒေသတစ်ဝိုက်ကို
မြင်ကွင်းကျယ် ၃၆၀ဒီဂရီ ရှုခင်းဖြင့်ကြီးမားသော မှန်ချပ်ကာရံထားသည့်ပတ်လမ်းတစ်လျောက်
မြင်တွေ့ခံစားနိုင်ပါသည်။
အမြင့်ပေ ၄၅၀ တွင် Tembo Galleria ဟုခေါ်သောနေရာ
၁၁၀ မီတာရှည်သော မှန်သားပြင်ကြမ်းခင်းရှိသည်။
သင်သည် လေထဲတွင် လမ်းလျောက်နေသကဲ့သို့ခံစားရပေမည်။
အမြင့်ပေ ၄၅၁.၂ မီတာတွင် Sorekara ဟုခေါ်သောနေရာ
ထိုနေရာသည် အမြင့်ဆုံးသွား၍ရသောနေရာဖြစ်သည်။
ကောင်းကင်တွင် မျောပါနေသကဲ့သို့ ခံစားရပေမည်။
မဖြစ်မနေသွားရောက်ပြီး ထူးခြားဆန်းကျယ်သော ရင်သပ်ရှုမောဖွယ်ခံစားချက်ကိုခံစားရယူပါ။

Tokyo Skytree Tembo Deck (ဝင်ကြေး)
လူကြီး - ၂၀၀၀ ယန်း
အထက်တန်းကျောင်းသား - ၁၅၀၀ ယန်း
မူလတန်းကျောင်သား - ၉၀၀ ယန်း
၆နှစ်အောက်ကလေး - ၆၀၀ ယန်း
Tokyo Skytree Tembo Galleria (ဝင်ကြေး)
လူကြီး - ၁၀၀၀ ယန်း
အထက်တန်းကျောင်းသား - ၈၀၀ ယန်း
မူလတန်းကျောင်သား - ၅၀၀ ယန်း
၆နှစ်အောက်ကလေး - ၃၀၀ ယန်း
ပိတ်ရက်မရှိ
ဂျပန်ပြည်သူလူထုမှ ရွေးချယ်သောအမည်
၂၀၀၈ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် အမည်ရွေးချယ်ရေးကော်မတီမှ အမည် ၆မျိုးကိုရွေးချယ်ခဲ့သည်။
Tōkyō Sukaitsurī (Tokyo sky tree)
Tōkyō Edo Tawā (Tokyo Edo tower)
Raijingu Tawā (Rising tower)
Mirai Tawā (Tower of the future)
Yumemi Yagura (Dream lookout)
Raijingu Īsuto Tawā (Rising east tower)
ထိုအမည်များထဲမှ တစ်ခုကို ရွေးချယ်ရာတွင် တစ်နိုင်ငံလုံးအားမဲပေးရွေးချယ်စေခဲ့သည်။
၂၀၀၈ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် Tokyo Skytree ဟုကြေငြာခဲ့သည်။
ဒုတိယလူကြို က်အများဆုံးအမည်မှာ Tokyo Edo tower ဖြစ်သည်။
ပိုမိုသိရှိလိုပါက Tokyo Skytree တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Amazing!
ReplyDelete