ဂျပန်နိုင်ငံ Kumamoto ခရိုင်မှ လယ်သမားကြီး Hiroichi Kimura ဆိုသူက အသဲနှလုံးပုံစံ ဖရဲသီးကိုအောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ပါပြီ။ ဒီလိုပြုလုပ်မှုဟာ လွယ်ကူတဲ့စိုက်ပျိုးနည်းတော့ မဟုတ်ပါဘူး။
ဒီလယ်သမားကြီးဟာ မူလကတော့ ပုံမှန်ဖရဲသီးတွေကိုစိုက်ပျိုးခဲ့သူပါ။ တနေ့တော့၊ အိမ်နီးချင်းတစ်ယောက် က အသဲနှလုံးပုံစံဖရဲသီးဆိုရင် အင်မတန်စိတ်ဝင်စားစရာကောင်းမှာဘဲလို့ အကြံပေးခဲ့ပါတယ်။ ဒါနဲ့ဘဲ Kimura ဆိုတဲ့လယ်သမားကြီးဟာ အသဲပုံဖရဲသီးကို ဘယ်လိုစိုက်ပျိုးရမလဲ ဆိုတာသုတေသနပြုလုပ် ပါတော့တယ်။
ဒါပေမဲ့ လွယ်ကူလှတာတော့မဟုတ်ပါဘူး။ နေ့တိုင်းနေ့တိုင်း ညနက်တဲ့အထိအလုပ်လုပ်ရပါတယ်။ စာအုပ်တွေ လက်ကမ်းစာစောင်တွေကိုဖတ်ပြီး စိုက်ပျိုးနည်းစနစ်၊ မြေအခြေအနေ၊ လေထုအပူချိန်နဲ့စိုထိုင်းဆ စတာတွေကိုသုတေသနပြုလုပ်ကာ အသဲပုံ ပုံစံခွက်ကို တီထွင်ခဲ့ပါတယ်။ အမှားပေါင်းများစွာကို
အကြိမ်ကြိမ်ပြုလုပ်ခဲ့ရပြီး ရှည်လျားလှတဲ့လုပ်ငန်းစဉ်တစ်ခုပါ။
အစမှာတော့ လယ်သမားကြီး Kimura ရဲ့ကြိုးစားအားထုတ်တွေဟာ ကျရှုံးမှုတွေနဲ့အဆုံးသတ်ခဲ့ပါတယ်။
လယ်သမားကြီးကတော့ လက်လျော့ဖို့မစဉ်းစားခဲ့ပါဘူး။ တစ်နှစ်ပြီးတစ်နှစ် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ပြီး အသဲပုံဖရဲသီးကို အောင်မြင်သည်အထိ မဆုတ်မနစ်ကြိုးစားခဲ့ပါတယ်။
နွေးထွေးတဲ့နှလုံးသားပိုင်ရှင် လယ်သမားကြီး Kimura ကိုတွန်းအားပေးခဲ့တဲ့အကြောင်းအရာကတော့.....
"ကျွန်တော့်ရဲ့စားသုံးသူတွေကို အရသာရှိတာတွေစားစေချင်ခဲ့စိတ်ပါလို့" သူကရှင်းပြခဲ့ပါတယ်။
English လိုဖတ်ချင်သူများအတွက်
World’s first heart-shaped watermelon
Hiroichi Kimura, a farmer from Kumamoto Prefecture, has finally done heart shaped watermelon. But it was no easy task shaping the originally round fruits into the symbol of love.
Kimura originally grew standard round watermelons. One day, a neighbour commented that it would be so interesting to see a watermelon in the shape of a heart. Kimura’s curiosity was ignited and from that moment on, he began researching how to make a heart-shaped watermelon.But this was no easy task. Every day, late into the night, Kimura read books and pamphlets about growing techniques, developed his heart-shaped mould, and researched the ideal cultivation method, soil conditions, atmospheric temperature, and moisture levels for his heart watermelons. It was a long process of trial and error.
At first, all of Kimura’s efforts ended in failure, but through it all, he never wanted to give up. Without getting discouraged, year after year he continued challenging himself to cultivate a heart-shaped watermelon until he finally succeeded.
The driving force behind Kimura’s work has always been as simple as it is heartwarming. ”I want my customers to eat something delicious,” explains Kimura.
0 comments:
Post a Comment
အချင်းချင်းအားပေး၍ လက်တွဲဆောင်ရွက်ပြီးအောင်မြင်မှုရအောင်ကြိုးစားကြပါစို့။
(ပိုမိုကောင်းမွန်အောင်ဆောင်ရွက်လိုပါသဖြင့် Comment ရေးသားပြီး ပူးပေါင်းကူညီပေးပါ။)
သင့်နှင့်တကွ အားလုံးအတွက် ကျွန်ုပ်ဘလော့ရေးနေခြင်းဖြစ်သည်။
သင့်ဆန္ဒကို Comment ရေးပြီးဖော်ပြနိုင်ပါသည်။
တိုက်ရိုက်ဆက်သွယ်လိုပါက Email ပို့ပေးပါ။ (setpaing@gmail.com)