Japaese Language For All

ဂ်ပန္စာကို သင္ယူလိုသူမ် ား၊ ဂျပန်တွင် ကျောင်းတက်ရောက်လိုသူများ၊ ဂျပန်တွင် သွားရောက်အလုပ်လုပ်လိုသူများအား လူလိမ်မခံရစေရန်သိလိုသည်များမေးမြန်းနိုင်ပါသည်။

အိုခယမကောင်းကင် ရိုလာကိုစတာ(Skycycle)

ဂျပန်နိုင်ငံ အိုခယမ (Okayama) မြို့မှာရှိတဲ့ Washuzan Highland အပန်းဖြေပန်းခြံအတွင်းမှာတော့ ရင်သပ်ရှုမောဖွယ်ရာ ကောင်းကင်စက်ဘီးခရီးစဉ်ဆိုတဲ့ စက်ဘီးရိုလာကိုစတာ ရှိပါတယ်။ အခြားနိုင်ငံများမှာလည်း ရှိပေမယ့် သူက ကမ္ဘာ့ အမြင့်ဆုံး စက်ဘီး ရိုလာကိုစတာအဖြစ်လူသိများပါတယ်။ တောင်စောင်းတလျောက် ပတ်ပြီးတော့ တည်ဆောက်ထားခြင်းလည်း ဖြစ်ပါတယ်။  အမြင့်ကတော့ လေးထပ်တိုက်အမြင့်ခန့်လောက်လို့ဆိုပါတယ်။သူ့ကိုစီးမယ်ဆိုရင် ၂ ယောက်တွဲ ဘေးခြင်းယှဉ်ပြီးစီးရမှာ ဖြစ်ပါတယ်။...

မရေးတတ်သောခန်းဂျိစာလုံးကိုရေးနည်း

တစ်ခါတစ်လေမှာ ကိုယ်မဖတ်တတ်တဲ့ခန်းဂျိတွေကို ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေတတ်ပါတယ်။ သင်ကိုယ်တိုင်ကောဖြစ်ဖူးပါသလား။ (ခန်းဂျိ ဂုရုကြီးများကိုမဆိုလိုပါ။) အဲဒီလိုဖြစ်လာခဲ့ရင် ကျွန်တော်လုပ်လေ့လုပ်ထရှိတဲ့နည်းလမ်းလေးကို ပြောပြပါမယ်။ အရမ်းအကောင်းကြီးမဟုတ်ပေမယ့် နည်းနည်းတော့ အထောက်အကူဖြစ်မယ်ထင်ပါတယ်။ ကဲ...အောက်က ခန်းဂျိကိုဥပမာအနေနဲ့ဖော်ပြပေးလိုက်ပါမယ်။  ဒီခန်းဂျိကို ဖတ်တတ်ပါသလား။ မဖတ်တတ်သူများကို ဖတ်နည်းရေးနည်းသင်ပေးပါမယ်။ အောက်မှာဖော်ပြထားတဲ့အတိုင်းတစ်ဆင့်ခြင်းသွားပါ။ ........................................................................................................................................

တိုကျို ဒစ္စနေးလန်း (Tokyo Disneyland)

တိုကျို ဒစ္စနေးဥယျာဉ် (Tokyo Disneyland -  東京ディズニーランド) တိုကျို ဒစ္စနေးဥယျာဉ်ကြီးကို မြေဧက ၁၁၅ ဧကအကျယ်အဝန်းပေါ်တွင်တည်ဆောက်ထားပါသည်။ ထိုဥယျာဉ်ကြီးတည်နေရာမှာ တိုကျို မြို့အနီး ချိဘခရိုင်၊ အုလယစု ရှိ တိုကျို ဒစ္စနေးရီဇော့တွင်ဖြစ်ပါသည်။ မအိဟမ ဘူတာ၊ တိုကျို ဒစ္စနေးလန်းဘူတာတို့နှင့် တဆက်တည်းချိတ်ဆက်ထားသည်။ ၁၉၈၃ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပြီး အမေရိကန်နိုင်ငံပြင်ပတွင်ဖွင့်လှစ်ခဲ့သော ပထမဆုံး ဒစ္စနေးဥယျာဉ်ဖြစ်သည်။ တိုကျို ဒစ္စနေးဥယျာဉ်ကို အမေရိကန်နိုင်ငံ...

ရွှေကျောင်း (Kinkakuji)

ဂျပန်နိုင်ငံရဲ့ လူသိများတဲ့နေရာတွေအထဲက တစ်ခုဖြစ်တဲ့ ကျိုတိုမြို့က ရွှေကျောင်းဆိုရင် လူတိုင်းသွားချင် ကြမှာဖြစ်ပါတယ်။ကျိုတိုရောက်ရင် ရွှေကျောင်းကိုအဓိကသွားကြည့်ကြပါတယ်။  သင်ကောရောက်ပြီးပြီလား။ ရောက်ရင်ဓါတ်ပုံလေးတော့ရိုက်ဖို့မမေ့နဲ့နော်။ ရွှေကျောင်းကို ဂျပန်လို Kinkakuji လို့ခေါ်ဆိုကြပါတယ်။ ပြီးတော့ သမင်ဥယျာဉ်ကျောင်း Rokuonji လို့လည်းခေါ်ဆိုပါသေးတယ်။  ကျိုတိုမြို့မှာရှိတဲ့လှပတဲ့ ဇင်ဗုဒ္ဒဘာသာဘုရားကျောင်းတစ်ခုဖြစ်ပါတယ်။ ရွှေကျောင်းဟုခေါ်ဆိုရခြင်း ရွှေကျောင်းဟုခေါ်ဆိုရခြင်းမှာ...

Related Posts Plugin for WordPress, Blogger...

 
back to top